29 C
Yangon

ရွှေဘို ဆိပ်ခွန်ရွာရှိ ပြည်သူပိုင် နေအိမ် ၅လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁ဝနာရီခန့်က ပြည်သူပိုင် နေအိမ် ၅လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်း တပ်စွဲထားကာ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဆိပ်ခွန်ရွာရှိ ဦးမောင်မောင်ပိုင်ဆိုင်သော ခြံဝိုင်းအတွင်းက ၅လုံးတွဲ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။” မနေ့ည ၁ဝနာရီလောက်က ၅လုံးတွဲအိမ်ကြီး မီးလောင်သွားတယ်။ ပြောတာကြားတာကတော့ စစ်ခွေးတွေက တရွာလုံးပတ်သွားနေတဲ့အချိန် အဲ့အိမ်နားရောက်တော့ အိမ်ထဲကပြေးသံကြားလို့ လက်နက်ကြီးနဲ့ ထုတာလို့ကြားတယ်။ ပြီးတော့ မီးရှို့တယ်။ ၅လုံးတွဲ အိမ်ဝင်းကကျယ်တော့ ဘေးအိမ်တွေမကူးဘူး။ မီးကိုတော့ ရွာထဲမှာ ကျန်ခဲ့တဲ့သူတွေ ဝိုင်ငြိမ်းလို့ငြိမ်းသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရမ်းကားသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများသည် ညအချိန် နေအိမ်များသို့ ဝင်ရောက်ကာ စောင် နှင့် စားသောက်ကုန် ပစ္စည်းများ ပြန်လည် ယူဆောင်စဉ် စစ်တပ်က လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article