32 C
Yangon

ဒီပဲယင်းမြို့ပေါ်မှ ရဲတပ်သား နေလင်းထွန်း အသတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် ရဲတပ်သား နေလင်းထွန်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ “မနေ့က ဒီပဲယင်းမြို့ပေါ်က ရဲခွေးတစ်ကောင်အသတ်ခံရပြီး ကားလမ်းဘေးမှာဗိုက်ဖောက်ပြီး ပစ်ထားခဲ့တယ်။နယ်ပြောင်းလာတာ တစ်လလောက်ပဲရှိဦးမယ်။ ရဲက လူပျိုလူလွတ်။ အလောင်းမှာ ရဲဝေလင်းထွန်း လို့နာမည်ရေးထားခဲ့တယ်။ဒီပဲယင်းမြို့ပေါ်မှာတာဝန်ကျတဲ့ ရဲပဲ။ ခြေထောက်တွေ လက်တွေကိုကြိုးတုတ် ပါးစပ်အဝတ်စတွေစို့ပြီး သတ်ထားခဲ့တာ။ ရေဦးမြို့နယ်နှင့်ဒီပဲယင်းမြို့နယ်အစပ်ကားလမ်းဘေးမှာ။ ရဲနာမည်က နေလင်းထွန်းလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင်အဆိုပါရဲ အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဒေသခံ လူငယ်များက စစ်တပ်၏ ရန်ရှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ထွက်ပြေးနေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article