28 C
Yangon

တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းအား အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ်နေသူများထံ ရောင်းချခြင်းအပေါ် ကန့်ကွက်ကြောင်း လှုပ်ရှားမှုတွင် ပြည်သူများ လက်မှတ်ရေးထိုး ပါဝင်နိုင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂။

တယ်လီနော မြန်မာအား အကြမ်းဖက်စစ်အုပ်စုနဲ့ ပတ်သက်ဆက်စပ်နေတဲ့ Investcom ကုမ္ပဏီထံ ရောင်းချရန် ပြင်ဆင်နေမှုအပေါ် ဆန့်ကျင်ကန့်ကွက်သော လူထုလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ပေါ်ပေါက်လာပါတယ်။ အဆိုပါလှုပ်ရှားမှုကို Blood Money Campaign၊ Global Myanmar Spring Revolution (GMSR)၊ CRPH Support Group, Norway အပါအဝင် တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက ဦးဆောင်နေကြတာဖြစ်ပြီး၊၊ ပြည်သူများ ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ ကိုလည်း ဆော်ြသလိုက်ပါတယ်။အကယ်၍ တယ်လီနောလုပ်ငန်းအား ရောင်းချမှု အထမြောက်ခဲ့ပါက အသုံးပြုသူ ပြည်သူ ၁၈ သန်းရဲ့ ဒေတာအချက်အလက်တွေဟာ ဝယ်ယူမဲ့ကုမ္ပဏီဖြစ်တဲ့ Investcom ကတဆင့် အကြမ်းဖက် စစ်အုပ်စုလက်ဝယ်သို့ ကျရောက်သွားမှာ ဖြစ်တာကြောင့် တယ်လီနော အုပ်စုအနေနဲ့ ရောင်းချမှုကို ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း အဆိုပါအဖွဲ့များက ဆိုပါတယ်။Investcom ရဲ့ အဓိက ရှယ်ယာပိုင်ဆိုင်သူမှာ ရွှေဗျိုင်းဖြူကုမ္ပဏီဖြစ်ပြီး ၎င်းဟာ ကျောက်မျက်တူးဖော်ခြင်း၊ စစ်တပ်အတွက် လောင်စာဆီဝယ်ယူ တင်သွင်းရောင်းချခြင်း လုပ်ငန်းများအပြင် အခြားသော လုပ်ငန်းများစွာကို လုပ်ကိုင်ခွင့်ရရှိနေပြီး၊ အကြမ်းဖက်စစ်တပ်နှင့် ပတ်သက် ဆက်နွယ်နေသော ကုမ္ပဏီလည်း ဖြစ်ပါတယ်။Investcom ရဲ့ လက်ကျန် အစုရှယ်ယာတွေဟာလည်း လက်ဘနွန် အခြေစိုက် M1 Group လက်ဝယ်သို့ ရောက်ရှိမှာ ဖြစ်ပြီး၊ ၎င်းဟာလည်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပတ်သက်ဆက်စပ်နေပြီး ကြီးမားတဲ့ အခွန်တိမ်းရှောင်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။တယ်လီနော အနေနဲ့ ၎င်းတို့ဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ ကုမ္ပဏီတစ်ခုဖြစ်သလို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လုပ်ဆောင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း တွင်တွင်ပြောနေပေမယ့် လက်တွေ့မှာတော့ သုံးစွဲသူ မြန်မာပြည်သူ ၁၈ သန်းကျော်ရဲ့ လုံခြုံရေးကို ထည့်သွင်းစဥ်းစားခြင်း မရှိပဲ အခုလို စစ်တပ်ထိမ်းချုပ်ခံ ကုမ္ပဏီထံ ရောင်းချဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။တယ်လီနော မြန်မာရဲ့ဝင်ငွေဟာ စစ်တပ်မှ အာဏာမသိမ်းမှီ ၂၀၂၀ နှစ်အတွင်း အမေရိကန် ဒေါ်လာ ၄၆၃ သန်းကျော်ထိ ရှိခဲ့ပြီး၊ အကယ်၍ တယ်လီနော ရောင်းချမှု အထမြောက်ခဲ့ပါက စစ်တပ်ဟာ ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရှိတဲ့ စီးပွားရေးလုပ်ငန်း ရင်းမြစ်တစ်ခုကို ပိုင်ဆိုင်သွားမှာဖြစ်ပြီး၊ အကြမးဖက် စစ်ကောင်စီဟာ ဒီငွေတွေကို လက်နက်ဝယ်ယူရေးတွေမှာ အသုံးချသွားနိုင်တာလည်း ဖြစ်ပါတယ်။ဒါကြောင့်မို့ တယ်လီနောမှ ၄င်း၏ဆက်သွယ်ရေးလုပ်ငန်းကို စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေထံ ရောင်းချခြင်းအပေါ် ကန့်ကွက်ကြောင်း အောက်ဖော်ပြပါ လင့် (petition) မှာ လက်မှတ်ရေးထိုးပြီး၊ လူထုဆန္ဒနဲ့အင်အားကို ပြသပေးဖို့ ဖိတ်ခေါ်ပါတယ် လို့ အဆိုပါကမ်ပိန်းကို ဦးဆောင်နေသူများက ဆိုလိုက်ပါတယ်။ပြည်သူများ လက်မှတ်ရေးထိုး ပါဝင်တောင်းဆိုရန် (Link)https://bit.ly/stop_telenor

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article