35 C
Yangon

ထောင်ဒဏ် နှစ် ၈၀ ကျော် မတရားချမှတ်ခံထားရသည့် ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်ထက်ဝက် လျှော့ပေါ့AA အဖွဲ့ဝင် ၄၆ ဦးနှင့် အကျဉ်းသား ၈၁၄ ဦး အကြမ်းဖက်မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သော ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် နှစ် ၈၀ ကျော် မတရားချမှတ်ထားရာမှ ယနေ့ အကြမ်းဖက် မင်းအောင်လှိုင်က ပြစ်ဒဏ်ကျကာလထက်ဝက်ကို လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးဟု ထုတ်ပြန်ကြေညာသည်။အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရားရုံးများတွင် တရားစွဲဆိုထားဆဲ AA အဖွဲ့ဝင် ၄၆ ဦးကို အမှုပိတ်သိမ်း၍ လည်းကောင်း၊ ပြစ်ဒဏ်ကျ အကျဉ်းသား ၈၁၄ ဦးကိုလည်း “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုကြောင်း ဖော်ပြထားသည်။ထို့ပြင် အကျဉ်းသား သီရိလင်္ကာ နိုင်ငံသား ၇ ဦးကို “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် ပြည်နှင်ဒဏ်ပေး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article