35 C
Yangon

ရန်ကုန် လှိုင်သာယာတွင် လှည့်ကင်းစစ်ကားကို ဗုံးခွဲ၊ ကြည့်မြင်တိုင်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် မီးစက်ကိုလည်း ဖောက်ခွဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်ကြည့်မြင်တိုင်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် မီးစက်နှင့် လှိုင်သာယာ လှည့်ကင်းစစ်ကားကို ဗုံးခွဲတိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ ယနေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် လှိုင်သာယာမြိုနယ် အနောက်ပိုင်းတွင် တပ်ရင်း(၉)ဘက်သို့မောင်းနှင်လာသော ကင်းလှည့်စစ်ကားတစ်စီးကို အဝေးထိန်းဗုံး ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ပေါက်ကွဲမှုကြောင့် ကားအစိတ် အပိုင်းတချို့ကိုထိမှန်ခဲ့ပြီး အဆိုပါစစ်ကားသည်လည်း ချက်ချင်းနောက် ကြောင်း ပြန်လှည့်သွားခဲ့ကြောင်း၊ ယင်းဖောက်ခွဲတိုက်ခိုက်မှုများကို From Zero To Hero(ZTH)နှင့် Black Eagle Ranger (BER) မြို့ပြပြောက်ကျားအဖွဲ့က ပူးတွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။ အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၅၆ မိနစ်အချိန် ကြည့်မြင်တိုင်မြို့နယ် သရက်တော (၄)လမ်းရှိ စစ်တပ်ပိုင် Mytelတာဝါနှင့်ချိတ်ဆက်ထားသော မီးစက်ကို (YGN)Dark Shadow အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိုလမ်းအတွင်းရှိ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသော အမျိုးသမီးနှင့် မိသားစုကို သတိပေးဖောက်ခွဲခဲ့ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။ ဓာတ်ပုံ- ယမန်နှစ် ဇန်နဝါရီလ နေပြည်တော်တွင် လုံခြုံရေးယူထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article