31 C
Yangon

အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို လက်မခံနိုင်တော့သော လေတပ်စစ်သား ၂ ဦး CDM ပြုလုပ်ကာ ပြည်သူ့ဘက်ရပ်တည်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၂

အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေမှုများကို လက်မခံနိုင်တော့သည့် တပ်မတော် (လေ) မှ လေကြောင်းစက်ပစ် ၂ ဦး CDM ပြုလုပ်ကာ ပြည်သူ့ဘက်မှ ရပ်တည်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထံမှ သိရှိရသည်။အရာခံဗိုလ်အဆင့်ရှိ ကိုသီဟဝင်းနှင့် ကိုထိန်လင်းတို့ ၂ ဦးသည် ပြည်သူ့ဘဏ္ဍာကိုစားပြီး ပြည်သူကိုအနိုင်ကျင့် သတ်ဖြတ်နှိပ်စက်နေသည့် စစ်ကောင်စီလက်အောက်မှာ မတရားတာကို မတရားမှန်းသိရက်နဲ့ ဆက်လက်လုပ်ဆောင်ဖို့ မဖြစ်နိုင်တာကြောင့် အခုလို ပြည်သူ့ဘက်ကို ကူးပြောင်းရပ်တည်ဖို့ CDM ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။လေကြောင်းစက်ပစ် ဆိုသည်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်များပေါ်မှ မြေပြင်သို့ စက်သေနတ်များဖြင့် ပစ်ခတ်ရသူများကို ခေါ်ဆိုခြင်းဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။”ကျနော်နဲ့ သီဟဝင်း နှစ်ယောက်စလုံးက ဒီရာထူးအတွက် သင်တန်းဆင်းပြီးစ တာဝန်ကျတာပါ။ စပြီး ဆက်သွယ်ဖြစ်တာကတော့ ၁၁ လပိုင်း လောက်ကဖြစ်ပြီး Pre-CDM လုပ်ခဲ့ပါတယ်။ ဒါပေမယ့် COVID-19 ရောဂါဖြစ်ပွားနေမှု၊ ငွေကြေးအဆင်မပြေမှုတို့ကြောင့် ချက်ချင်း မထွက်ခွာနိုင်ခဲ့ပါဘူး။ ကျတော်လည်း သီဟဝင်းနဲ့အတူ People’s Soldiers Facebook Page ကို ဆက်သွယ်ခဲ့ပြီး သူတို့ရဲ့စီစဉ်ပေးမှုနဲ့ လွတ်မြောက်နယ်မြေမှာ ခိုလှုံရောက်ရှိနေပါပြီ။ တော်လှန်ရေးမှာလည်း လုပ်လို့ရတာအားလုံးကို ပါဝင်လုပ်ဆောင်သွားပါမယ်။ ပြည်သူတွေကိုပြောချင်တာကတော့ စည်းစည်းလုံးလုံးနဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်၊ အခက်အခဲတွေနဲ့တွေ့တိုင်း စိတ်ပျက်မှု၊ အားလျော့မှုမရှိပဲ လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်သွားကြပါ” ဟု CDM ပြုလုပ်လာသူ အရာခံဗိုလ် ထိန်လင်းက ပြောဆိုသည်။လက်ရှိတွင် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုတော့၍ ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ CDM ပြုလုပ်၊ ပြည်သူနှင့်ပူးပေါင်းလာသူ ၃၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article