37 C
Yangon

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တို့တွင်လည်း မိုဘိုင်းလ်အင်တာနက်များ ဖြတ်တောက်ခံထားရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင်သာမက ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ကချင်ပြည်နယ်တို့တွင်လည်း မိုဘိုင်းလ်အင်တာနက်များ ဖြတ်တောက်ခံထားရကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ ခုတွင် ယနေ့ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်မှစ၍ မိုဘိုင်းအင်တာနက်များ ပြတ်တောက်လျှက်ရှိသည်ဟု အင်တာနက်ဖြတ်တောက်ခံရကြောင်မြို့နယ် ၅ ခုမှ ဒေသခံများကပြောသည်။လက်ရှိတွင် မိုဘိုင်အင်တာနက်ပြတ်တောက်နေသည့် မြို့နယ် ၅ ခုမှာ မောင်တောမြို့နယ်၊ သံတွဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် စစ်တွေမြို့နယ်တို့ဖြစ်ကြသည်။အင်တာနက်ပြတ်တောက်နေခြင်းမှာ နံနက် ၁ နာရီခန့်ကတည်းကဖြစ်ပြီး အင်တာနက်ပြတ်တောက်နေလျှင် သတင်းအချက်လက်များရရှိရန်ခက်ခဲမှုများရှိလာသည်ဟု မောင်တောမြို့နယ် သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုကျော်အေးမောင်က Western News ကိုပြောသည်။“ ကျွန်တော်တို့မောင်တောမှာက အင်တာနက်ပြတ်တောက်နေတာ နံနက် ၁ နာရီလောက်ကတည်းကနေပြတ်တောက်နေတာပါ။ Mytel ကအင်တာနက်လိုင်းတွေတက်ပေမယ့် သုံးလို့တော့မရဘူး။ တစ်ခြား အော်ပရေတာတွေကတော့ လိုင်းကို မတက်တာပါ။ အင်တာနက်တွေ ပြက်တောက်နေတယ်ဆိုတော့ ကျွန်တော်ဘက်မှာလည်း ဒေသတည်ငြိမ်မှုလည်း သိပ်မရှိသေးဘူး။ အခုလို အင်တာနက်တွေ ပြက်တောက်နေတဘ်ဆို့တော့ သတင်းအချက်လက်တွေရရှိဖို့ခက်ခဲ့မှုတွေရှိလာတယ်”ဟုပြောသည်။သံတွဲမြို့နယ်တွင်လည်း မိုဘိုင်း အင်တာနက်များပြက်တောက်နေပြီ ဝိုင်ဖိုင်အင်တာနာများဖြင့်သာသုံးစွဲနေကြရသည်ဟု သံတွဲမြို့နယ် ဂျိတ္တောကျေးရွာမှ မမေသူက Western News ကိုပြောသည်။“ မိုဘိုင်အင်တာနက်တွေကမရဘူး။ ဘယ်အချိန်ကပြတ်သွားတာလည်းတော့ အတိကျမသိဘူး အိပ်ယာကထကတည်းက ပြတ်တောက်နေတာ။ ဝိုင်ဖိုင်အင်တာနက်နဲဘဲသုံးနေရတယ်။ သံတွဲမြို့ပေါ်မှာလည်းမရဘူး”ဟုပြောသည်။အလားတူ ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းတွင် အင်တာနက် သုံးစွဲ၍ ရနေသေးသော ဟားခါးမြိုနယ်၊ ကလေး၊ တမူးမြိုနယ်တို့တွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ မိုင်းဘိုင်းလ်အင်တာနက်များ သုံးမရတော့ကြောင်း၊ အခြားသော မြို့နယ်များမှာမူ ယခင်ကတည်းက တိုက်ပွဲများဖြစ်ပွားနေသဖြင့် အင်တာနက် ဖြတ်တောက်ထားကြောင်း သိရှိရသည်။ အလားတူမကွေးတိုင်း၊ ကချင်ပြည်နယ်ရှိ မြို့နယ်အများစုတွင်လည်း မိုဘိုင်းလ်အင်တာနက်လိုင်းများ သုံးစွဲမရကြောင်း သိရှိရသည်။
Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article