25 C
Yangon

ငွေကျပ်ဘီလီယံချီ သုံး၍ ဗိုလ်ရှုခံပွဲ လုပ်ပြီးနောက် ပြည်သူများကို လျှပ်စစ်နှင့်ရေချွေတာရန် မင်းအောင်လှိုင် ညွှန်ကြား ֎ ၆ နာရီမီးပေး၊ ၆ နာရီ မီးဖြတ်တောက်သည့် အလှည့်ကျစနစ်လုပ်မည်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုနေ့ အခမ်းအနားကို ငွေကျပ်ဘီလီယံချီ သုံးစွဲ၍ ဗိုလ်ရှုခံ အလေးပြုခံပြီး နောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများကို နွေရာသီတွင် လျှပ်စစ်မီးနှင့် ရေချွေတာရေး လုပ်ဆောင်ရန် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။ စစ်ကောင်စီ၏ အစိုးရအဖွဲ့ရုံးက မင်းအောင်လှိုင်၏ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညွှန်ကြားချက်ကို ယနေ့ နေ့စွဲဖြင့် ဌာန ၅ ခုကို ပေးပို့လိုက်ပြီး ယင်း ညွှန် ကြားချက်တွင် နွေရာသီ လျှပ်စစ်မီးနှင့် ရေ ချွေတာသုံးစွဲရေး အသိပညာပေးရန်နှင့် တိုက်တွန်းနှိုးဆော်ခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်ရန် ဟူ၍ မင်းအောင်လှိုင်က ညွှန်ကြားလာကြောင်း သိရှိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်းတစ်ဦး၏ အဆိုအရ လာမည့် နွေရာသီတွင် နေပြည်တော်မှ အပ မြန်မာတစ်နိုင်ငံလုံးကို အလှည့်ကျ လျှပ် စစ်မီးပေးသည့် စနစ်ဖြင့်သာ မီးပေးမည်ဖြစ်ကြောင်း၊လျှပ်စစ်မီးကို ၆ နာရီဖြတ်၊ ၆ နာရီ မီးပေးစနစ်ဖြင့် အလှည့်ကျ မီးပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article