31 C
Yangon

ရန်ကုန်၊ နေပြည်တော်၊ ဖားကန့် ၊စဉ့်ကိုင်နှင့် တမူးတို့ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်တပ်ပိုင်မြ၀တီဘဏ် တွင် ဗုံးများပေါက်ကွဲ၊ စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရန်ကုန်၊ နေပြည်တော်၊ ဖာန်းကန့်၊ စဉ့်ကိုင်နှင့် တမူးမြို့နယ်တို့ရှိ ဌာနဆိုင်ရာရုံးများနှင့်စစ်တပ်ပိုင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံးကြောင်း ဒေသခံကာကွယ်ရေးတပ်များနှင့်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်တွင် ယမန်နေ့ညနေပိုင်းနှင့် ယနေ့ နံနက်ပိုင်း ပညာရေးမှူးရုံး၊ စည်ပင်ရုံးနှင့် ငါးလုပ်ငန်းဦးစီးဌာနရုံးတို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း တွံ့တေးသတင်းရင်းမြစ်၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ ယမန်နေ့ညဦးပိုင်း တွံ့တေး မြို့နယ်ဘောလုံးကွင်းအနီးရှိ ပညာရေးမှူးရုံး နှင့် မြို့ရှောင်လမ်းရှိ စည်ပင်ရုံးတို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ ပညာရေးမှူးရုံးသည် ရဲစခန်းအနီးအနားတွင်ရှိသဖြင့် ရဲစခန်းက သေနတ် ၄ ချက် ပစ်ဖောက်ခဲ့ကြောင်း သိရှိရသည်။ အလားတူ ယနေ့ နံနက်ပိုင်းတွင် ငါးလုပ်ငန်းဦးစီးဌာနရုံးအနီးတွင်လည်း ပေါက် ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း တွံ့တေးသတင်းရင်းမြစ်က ဆိုသည်။ အလားတူ ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် နေပြည်တော် ပျဉ်းမနား မြ၀တီဘဏ်နှင့် ယောက်သွားအင်း အုပ်ချုပ်ရေးမှူးရုံးတို့မှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားကြောင်း ပျဉ်းမနားAlert က သတင်းထုတ်ပြန်သည်။ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းစဉ့်ကိုင်ထွေ/အုပ်ရုံးကို ဒေသကာကွယ်ရေးအဖွဲက အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စဉ့်ကိုင်မြိုနယ် ထွေအုပ်ရုံးတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲတို လုံခြုံရေးယူထားစဉ် စဉ့်ကိုင်မြိုနယ်ဒေသကာကွယ်ရေးတပ်ဖွဲ (LPDF SINTGAING) က တိုက်ခိုက်ခြင်းဖြစ်ကြောင်း စဉ့်ကိုင် LPDF က သတင်းထုတ်ပြန်သည်။ အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ တမူးမြို့၊ နန်းဖာလုံ မီးသတ်ရုံးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF-CEUနှင့်ABSDF ပူးပေါင်း အဖွဲ့ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန် ဖားကန့် မြို့နယ်စုပေါင်းရုံးရှေ့တွင် ဗုံး ၂ လုံးပေါက် ကွဲမှုဖြစ်ဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဓာတ်ပုံ- နေပြည်တော်ရှိ မြ၀တီဘဏ်ခွဲတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article