ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ဘုတလင်ကားလမ်းပေါ်ရှိ ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များကို အခွန်ကောက်ခံနေသည့် အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင် တိုးလ်ဂိတ်ကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကြီးအောင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ တိုးလ်ဂိတ်ရှိ ဝန်ထမ်းများကို နေရာပြောင်းရွှေ့ပြီး ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ ထိခိုက်မှုမရှိကြောင်း၊ Yan Gyi Aung LPDF တပ်ဖွဲ့ဝင်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
Photo – Budalin Information