35 C
Yangon

ရန်ကုန်အောင်မင်္ဂလာအဝေးပြေးရှေ့ စစ်ကြောရေးစခန်းနှင့် သန်လျင် သီလဝါ နယ်မြေရဲစခန်း တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့ရှိ စစ်ကြောရေး စခန်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် ဗုံးသစ်လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း Dictator Revolt Front (D.R.F)က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီ ၀၃ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းရေ့ရှိ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း၊ ၁၀၇ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း D.R.F က ပြောဆိုထားသည်။ ခရေပင်လမ်းခွဲအနီးတွင် နေထိုင်သူတစ်ဦးက “မနေ့ညက ပေါက်ကွဲသံ တော့ကြားရတယ်။ ပစ်ခတ်သံလည်းကြားရတယ်။ ည ၇ ခွဲကျော်ရင် လမ်းပေါ်မယ် လူက သိပ်မရှိတော့ဘူး” ဟု ပြောဆိုသည်။ အလားတူ ယမန်နေ့ညပိုင်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ကျောက်တန်း-သန်လျင် လမ်းမကြီး အောင်သပြေ(သီလဝါ)လမ်းဆုံ အနီးရှိ သီလဝါနယ်မြေခံ ရဲစခန်းကို တိုက်ခိုက်မှုတရပ်ဖြစ်ပွားကြောင်း ၊ ဗုံးသုံးလုံးဆင့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသံကျယ်လောင်စွာကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။ “ဗုံးပစ်သွားတယ်လို့တော့ကြားတယ်။ ဘယ်လိုတွေဖြစ်လဲ တိတိကျကျ မသိဘူး” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောသည်။
ဓာတ်ပုံ- အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့ အရှိ စစ်ကြောရေးစခန်း အုတ်တံတိုင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article