36 C
Yangon

နွားထိုးကြီး၊ ယုန်တိုးတောင်အရှေ့ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီး PDF တိုက်ခိုက်၊ ၂ ဦးသေဆုံးပြီး ကျန်စစ်သားများ ထွက်ပြေးသွာ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ယုန်တိုးတောင်အရှေ့ဘက်တွင် ဆိုင်ကယ်များဖြင့် ကင်းလှည့်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက် ညနေ ၃ နာရီခွဲတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးသွားပြီး ကျန်စစ်သားများမှာ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။”စစ်ကောင်စီဘက်က ၂ ဦးသေတယ်၊ ဆိုင်ကယ် ၄ စီး၊ ငှက်ကြီးတောင် ဓါး ၁ ချောင်း၊ စစ်ခွေး ဦးထုပ် ၁ လုံး ကျန်ခဲ့တယ်၊ ဆိုင်ကယ်တွေကို မီးရှို့လိုက်တယ်” ဟု နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် ကာပစ် ပစ်ကာ ပြန်လည်ဆုတ်ခွာစဉ် သေဆုံးစစ်သားအလောင်းများကို ပြန်လည်သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article