ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ဒီနေ့မှာ မုံရွာပင်မ သပိတ်ဟာ “နိုင်ငံဆိုတာ လူထုအမိန့်” ဆိုတဲ့ စာသားကို ကိုင်စွဲပြီး မုံရွာမြို့ရဲ့ လူစည်းကားရာ နေရာဖြစ်တဲ့ စျေးတခုမှာ ပြန်လည် ပေါ်ပေါက်လာခဲ့ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။ဒါ့အပြင် “စစ်တပ်ဆိုတာ ပြည်သူကို ညှင်းဖို့ မဟုတ်၊ စစ်တပ်သည် တိုင်းပြည်အတွက် မဟုတ်” ဆိုတဲ့ လွတ်လပ်ရေး ဗိသုကာ ဦးအောင်ဆန်းရဲ့ အဆိုအမိန့်တွေကိုလည်း ကိုင်စွဲ ချီတက်ခဲ့ကြပါတယ်။မုံရွာပင်မ သပိတ်ဦးဆောင်သူတဦးဖြစ်တဲ့ ရွှေဘိုနည်းပညာကောလိပ် ကျောင်းသား များသမဂ္ဂ ဥက္ကဌ ကိုထက်အောင်က “သပိတ်မှောက်တရားနဲ့ ပြည်သူလူထုကို တော်လှန်ရေးထဲမှာ နည်းလမ်းမျိုးစုံ ဆက်လက်ပါဝင်ကြဖို့” ဟောပြောတင်ပြခဲ့ပါတယ်။”အလံနဲ့ အသံကို နားစွင့်ကြ” ဆိုတဲ့အတိုင်း လမ်းမတွေထက်က လူထုလှုပ်ရှားမှုတွေဖြစ်တဲ့ သပိတ်စစ်ကြောင်းတွေကို တွေ့ရင် တခဲနက် ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။