31 C
Yangon

ရွှေဘိုမြို့နယ်တွင် မိုင်းရှင်းလင်းရန်လာသော စစ်ကောင်စီကား ၂ စီး မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာနှင့် ကံသာကုန်းကျေးရွာကြားတွင် မိုင်းရှင်းလင်းရန်လာသော အကြမ်းဖက်စစ်ကောင်စီ ကား ၁ စီးနှင့် လက်ပါးစေ ပျူစောထီး ကား ၁ စီးကို မော်ကွန်းညီနောင် (ခင်ဦး-ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။”ကံသာကုန်းနဲ့ ညောင်ပင်သာကြား၊ ကံသာကုန်းအရှေ့ တံတားနားမှာ မိုင်းဆွဲတာ၊ ပထမဆုံး ရဲကားတစီးကို အရင်ရှေ့ထွက်မိုင်းနဲ့ခွဲလိုက်တော့ ဌေးအောင်ကားက ထပ်လာပီး မိုင်းမရှိဘူးထင်ပီးလာရှာတဲ့အချိန် တည်မိုင်းနှစ်လုံးနဲ့ထပ်ခွဲခဲ့တာဗျ။ မြင်းစီး ဌေးအောင်ဆိုတာ ရွှေဘိုနယ်၊ မြင်းစီးရွာက လက်နက်ကိုင် ပျူစောထီးအမာခံ။ မိုင်းဆွဲတော့ ၄ ဦးသေတယ်၊ ၇ ဦး ဒဏ်ရာရတယ်လို့ ရွာခံ ၁ ဦးဆီက သတင်းပြန်ရတယ်” ဟု မော်ကွန်းညီနောင် တပ်ဖွဲ့ဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။မိုင်းဆွဲတိုက်ခိုက်ဖို့ ဒေသကာကွယ်ရေးအဖွဲ့များ နှစ်ရက်ခန့် စောင့်ခဲ့ရကြောင်းနှင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း မော်ကွန်းညီနောင် အဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article