28 C
Yangon

တောင်ဒဂုံကြံ့ဖွတ်ရုံးကို SSUG PDF က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကြံ့ဖွတ်ရုံးကို တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး အင်အားစုအဖွဲ့ SSUG PDF က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SSUG PDG ၏ ပြန်ကြားရေးတာဝန်ခံ စောဘီလူးက ပြောသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၊ ၂၅ ရပ်ကွက် ၊ စည်ပင်လမ်းနှင့် သရက်ချောင်းလမ်းထောင့်ရှိ ကြံ့ခိုင်ရေးရုံးသို့ SSUG PDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရှိရသည်။”အဲဒီကြံ့ဖွတ်ရုံးကို လုပ်ရတဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေတုန်းက ဆန္ဒပြတဲ့သူတွေကို ရုံးထဲထည့်ပိတ်ပြီး ဖမ်းခိုင်းတာ‌တွေ၊ ဆိုင်ကယ်တွေနဲ့လိုက်ဖမ်းတာတွေလုပ်ခဲ့တယ်။ အဲဒါတွေအတွက် သွေးကြွေးဆပ်တာပါ” ဟု ပြန်ကြားရေးတာဝန်ခံ စောဘီလူးက‌ ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article