33 C
Yangon

တန့်ဆည်၊ ရွာရှည်ရွာတွင် စစ်ကောင်စီတပ်များ တံတားကူးစဉ် မိုင်းဆွဲခံရသဖြင့် ချောင်းထဲပြုတ်ကျပြီး ၂၀ နီးပါး သေ၊ ကပေါင်းကျတွင် ၈ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းတန့်ဆည်၊ ရွာရှည်ရွာတွင် စစ်ကောင်စီတပ်များ ယနေ့ တံတားကူးစဉ် မိုင်းဆွဲခံရသဖြင့် မိုင်းထိမှန်သူ၊ ချောင်းထဲပြုတ်ကျသူများဖြင့် စစ်သား ၂၀ နီးပါး သေဆုံးကာ ကပေါင်းကျတွင် မိုင်းဆွဲခံရသဖြင့် ၈ ဦး သေဆုံးခဲ့ကြောင်း တန့်ဆည် PDF တပ်ဖွဲ့ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကပေါင်းကျကျေးရွာသို့ လာရောက်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း၊ စစ်သားအလောင်းများကို မီးရှို့သဂြိုလ်ကြောင်း၊ ယင်းနောက် ကပေါင်းကျကျေးရွာမှ နေအိမ် ၃၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယနေ့တွင် ကပေါင်းကျကျေးရွာမှ ထွက်ခွာပြီး ရွာရှည်ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်စဉ် ရွာကူးတံတားတွင် မိုင်းဆွဲခံရကြောင်း၊ မိုင်းထိမှန်သူနှင့် ချောင်းထဲပြုတ်ကျသူ ၂၀ နီးပါး သေဆုံးသည်ဟု သိရှိရကြောင်း၊ အထိနာသွား‌ောသ စစ်ကောင်စီတပ်သည် ရွာရှည်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“အထိနာနေတဲ့ စစ်တပ်က ရွာကို အလုံးအရင်းဝင်လာလို့ တစ်ရွာလုံး ထွက်ပြေးနေရတယ်။ လက်နက်ကြီးတွေနဲ့လည်း ရမ်းပစ်နေကြတယ်။ အိမ်တွေကိုလည်း မီးရှို့နေတယ်” ဟု ကျေးရွာသားတစ်ဦး ကပြောသည်။

ဓာတ်ပုံ- မိုင်းဆွဲမှုများကြောင့် သေဆုံးမှုများပြားပြီး အထိနာနေသော စစ်တပ်က ယနေ့ညနေပိုင်းတွင် တန့်ဆည် မြို့နယ် ၊ ရွာရှည်ကျေးရွာကို မီးတင်ရှိုနေ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article