29 C
Yangon

ထီးချိုင့်တွင် သံချပ်ကာကားပါ စစ်ယာဉ်တန်းကို မိုင်းအလုံး ၂၀ ကျော်ဖြင့်ဖောက်ခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ နီးပါးသေဆုံး၊ မိုးကုတ်၊ဂွေးပင်ရွာတိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ သေပြီး PDF တချို့ကျဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် သံချပ်ကာကားပါ ၃၃ စီး စစ်ယာဉ်တန်းကို ယနေ့ နံနက်ပိုင်းတွင် ထီးချိုင့်ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းအလုံး ၂၀ ကျော် ဖောက်ခွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ အများအပြား သေဆုံးနိုင်ကြောင်း ထီးချိုင့်သတင်းရင်းမြစ် TR က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၊ နံနက် ၆ နာရီမှစတင်ပြီး မိုးညှင်းဘက်မှ ဆင်းလားသော စစ်တပ်ရိက္ခာယာဉ်တန်း ၃၃ စီးကို ကျောက်အိုက်၊ဘိုတဲကုန်း၊အင်းတိန်၊အလယ်တော ၊ဆားတွင်း၊ပေါက်ကုန်းနှင့် ကျက်သရေချောင်း အနီးတဝိုက်တို့ တွင် မိုင်း အလုံး ၂၀ ကျော် ၊နေရာအနည်းဆုံး ၇နေရာတို့ မှ မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ အများအပြား သေဆုံးနိုင်သလို ထိခိုက် ဒဏ်ရာရသူများ လဲများပြားနိုင်ပြီး ကား(၂)စီး မောင်းမရတော့ဘဲ ပျက်စီးခဲ့ကြောင်း TR က ဆိုသည်။”စစ်သား ၂၀ လောက်တော့သေနိုင်ပါတယ် ” ဟု TR က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အဆိုပါ စစ်ယာဉ်တန်းသည် ကွမ်းတုံရွာမှထွက် စဉ် ကား လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဇီးဖြူကျင်း ၊အင်းတိန်၊အလယ်တော ၊ရွာသစ်ကုန်း ၊တည်တောမှ နေအိမ်များ ကျည်ဆံ ၊ဗုံးဆံများ ထိမှန်ပျက်စီး ခဲ့ပြီး ပြည်သူထိခိုက်မှုမရှိကြောင်း၊ ထီးချိုင့် ကာကွယ်ရေး တပ်ပေါင်းစုများမှ ထိခိုက်ဒဏ်ရာရသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ယာဉ်တန်းများ နံနက် ၁၀ နာရီတွင် မန္တလေးဘက်သို့ ဆင်းသွားကြောင်း သိရှိရသည်။ ထီးချိုင့်ဒေသသတင်းရင်းမြစ်များကမူ မိုင်းဆွဲမှုကြောင့် သေဆုံးသွားသော အလောင်းများကို ကားပေါ်တင်၍ ယာဉ်တန်း ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။ အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက်ပိုင်း မန္တလေးတိုင်း၊မိုးကုတ်မြို့နယ် ဂွေးပင်ရွာရှိ စစ်ကောင်စီတပ်စခန်းကို TNLA နှင့် PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက် အကျအဆုံးရှိပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ နီးပါး သေဆုံးနိုင်ကြောင်း၊ PDF ပူးပေါင်းတပ်ဘက်မှလည်း အနည်းဆုံး ၂ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တန်းတစ်ခုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article