ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နဂါးမတောင်ကျေးရွာတွင် ၈ ရက်ကြာ တပ်စွဲသွားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောင်းဝန်းအတွင်း အရက်သေစာများ သောက်စားကာ ပစ္စည်းအချို့ကို ဖျက်ဆီးသွားပြီး နံရံများပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့တော်လှန်ရေးတပ်မတော် PRA တို့ကို ဆဲရေးတိုင်းထွာသော စကားလုံးများ ရေးခြစ်ခဲ့ကြောင်း သတင်းရရှိသည်။”စစ်ကောင်စီတပ်စွဲတာ ရက်အတိအကျဆိုရင် ဖေဖေါ်ဝါရီလ ၇ ရက် ဒါမှမဟုတ် ၈ ရက်လို့ ထင်တယ်၊ အတိအကျတော့ မမှတ်မိဘူး၊ ပုလဲမြို့နယ်၊ နဂါးမတောင်ရွာက စာသင်ကျောင်း” ဟု ပြည်သူ့တော်လှန်ရေးမတော် PRA မှ ဗိုလ်ဂျပန်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို PRA အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်လို့ အထိနာသော စစ်ကောင်စီတပ်က နံရံများပေါ်တွင် ယခုလို နံရံများပေါ်တွင် ဆဲရေးတိုင်းထွာသော စကားလုံးများ ရေးခြစ်သွားခြင်းဖြစ်ပြီး ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်များတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က အလားတူ ပြုလုပ်ခဲ့သေးသည်။