29 C
Yangon

မြောင်တွင် စစ်ကောင်စီကို ငွေမပေး ဆိုသည့် အာဏာရှင် ဆန့်ကျင်ရေး သပိတ် PDF ၁၆ ဖွဲ့ ပါဝင် ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီကို ငွေမပေး ဆိုသည့် အာဏာ ရှင် ဆန့်ကျင်ရေး သပိတ် PDF ၁၆ ဖွဲ့ ပါဝင် ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။

မြောင်နယ်တော်လှန်ရေးအင်အားစုများ၏ “မြောင်မြိုနယ်ကိုကာကာကွယ်ရေး စစ်ကောင်စီကို ငွေမပေး” “စစ်ကောင်စီထောက်တိုင်မှန်သမျှတိုက်ဖြက်ကြ”ဟူသော သပိတ်ကို ယနေ့ ပြုလုပ်ကြရာတွင် ပြည်သူများပါ ပါဝင်ကြသည်။

တော်လှန်ရေးအား ခုတုံးလုပ်ပြီး နိုင်ငံရေး၏ အညွန့်ကို ခူးစားနေဖို ကြိုးစားနေသူများ နှင့် နှစ်ဖခွထိုင်နေသူများသည် ပြည်သူများ၏ ကျေးလက်ဒေသ ဖွံဖြိုးရေး ဆိုသည့်ခေါင်းစဉ်ဖြင့် လမ်းဖောက်ခြင်းများ ၊ ဘုရားကျောင်းကန်တည်ဆောက်ခြင်း စသည့် လုပ်ငန်းများဖြင့် ပြည်သူအား အယောင်ပြသိမ်းသွင်းပြီး စစ်ကောင်စီထောက်တိုင်အဖြစ် သူလျှိုလှုပ်ရှားဆောင်ရွက်ပေးနေမှုအား သတိပေးတားမြစ်ခြင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်ရေး နှင့် နယ်မြေစိုးမိုးမှု မရရှိရေး စသည့်အနေဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်အတွင်းရှိ အခြေစိုက်ကုမ္ပဏီများ နှင့် နှစ်ဖက်ခွထိုင်နေကြသည့်သူများ အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ငွေပေးနေမှုများ၊ သိမ်းသွင်းနေမှုများကို ရပ်တန့်ကရပ်ဖို့ရန်၊ ကျဆုံးသွားသည့်အာဇာနည်သူရဲကောင်းများ ၊ ပြည်သူများနှင့်အတူ တောင်းဆိုထားသည်။

သပိတ်တွင်းပူးပေါင်းပါဝင်ကြသည့်အဖွဲ့များမှာ-
၁-CDSOM
၂- MUA
၃-M2W
၄-PDF-Taloke
၅-နှလုံးလှ
၆-မြင်းမူလျှပ်စီး
၇-27 Revolution Force
၈-MGN RANGER
၉-MSPDF
၁၀-YFPDF
၁၁-ပြောက်ကျားလင်းယုန်အဖွဲ့
၁၂-တောင်ပိုင်းဗိုလ်ကျားသစ်အဖွဲ့
၁၃-အနောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့
၁၄-အရှေ့ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့
၁၅-မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့
၁၆-Joker GZ တို့ဖြစ်သည် ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article