28 C
Yangon

စစ်ကိုင်းတိုင်း ကြားကာလအစိုးရက စစ်ဆင်ရေးများအတွက် ငွေကျပ် သိန်း ၁၅၀၀ ကနဦးထောက်ပံ့ပေးအပ်ခဲ့ပြီး ကာကွယ်ရေးနှင့်လုံခြုံရေး တို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောဆို

Must read

ရန်ကုန်၊ မေ ၂၁

စစ်ကိုင်းတိုင်း ကြားကာလအစိုးရက စစ်ဆင်ရေးများအတွက် ငွေကျပ် သိန်း ၁၅၀၀ ကနဦးထောက်ပံ့ပေးအပ်ခဲ့ပြီး ကာကွယ်ရေးနှင့်လုံခြုံရေး တို့ကို ဦးစားပေးဆောင်ရွက်သွားမည်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးခန့်ဝေဖြိုးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရသည် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဆင်ရေးများအတွက် ငွေကျပ်သိန်း ၁၅၀၀ ကို ကန ဦးထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာရေး အရင်းအမြစ်များစုစည်းကာ ပြည်သူလူထုဘဝ ကာကွယ်ရေးနှင့် လုံခြုံရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးဦး ဦးဆောင်ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေး ဝန်ကြီးတို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနမှ ဒု-တိုင်းကွပ်ကဲရေး မှူး ဦးဆောင်သော စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံပွဲတွင် စစ် ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန သို့ စစ်ဆင်ရေးများတွင် အသုံးပြုရန် ငွေကျပ်သိန်း ၁၅၀၀ ကို ကနဦး ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တော်လှန်ရေးအောင်မြင်ဖို့အတွက် လိုအပ်တဲ့ အစီအမံအားလုံးကို စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြား ကာလ အစိုးရအနေနဲ့ ဆက်လက် စီမံဆောင်ရွက်သွားဖို့ ရှိပါမယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် တော်လှန်ရေးခိုင်မာအားကောင်းရေးအတွက် စစ်က်ုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်းသွားပါ့မယ်။ ဘဏ္ဍာရေးအရင်းအမြစ်တွေ စနစ် တကျ စုစည်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ပြည်သူလူထုဘဝ ကာကွယ်ရေးနဲ့လုံခြုံရေး ကဏ္ဍ အတွက် ဦးစားပေး စီမံဆောင်ရွက်သွားဖို့ ရှိပါမယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုးရတစ်ဖွဲ့လုံး စစ်က်ုင်းဖက်ဒရယ်ယူနစ်အတွင်းမှာပဲ နေထိုင်ပြီး ပြည်သူလူ ထုနဲ့အတူ တသားတည်း ရှိပြီး တော်လှန်ရေးအောင်မြင်ဖို့ ကြိုးစားအားထုတ်နေတယ်ဆိုတာကို မိဘ ပြည်သူတွေကို ရိုသေလေးစားစွာ အသိပေးတင်ပြလိုပါတယ်” ဟု စစ်ကိုင်း ဖက်ဒရယ်ယူနစ်ကြား ကာလ အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးခန့်ဝေဖြိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article