27 C
Yangon

ဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်များမှ သိမ်းဆည်းရငွေ ငွေကျပ် ၇၂၄ သိန်းကို တော်လှန်ရေးအဖွဲ့များထံ ခွဲဝေဟုပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကောင်စီကို စက်သုံးဆီနှင့်လေယာဉ်ဆီ ထောက်ပံ့သည်ဟု နာမည်ကျော်သူ ခရိုနီစီးပွားရေးသမား ဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်များမှ သိမ်းဆည်းရမိငွေ ငွေကျပ် ၇၂၄ သိန်းကို တော်လှန်ရေးအဖွဲ့များထံသို့ ခွဲဝေလိုက်ကြောင်း သိရှိရသည်။

“သိန်း ၇၂၄သိန်း ရရှိခဲ့ပြီး သိန်း ၆၅၀ကို တော်လှန်ရေးအင်အားစုအသီးသီးကို ပြန်လှည်ခွဲဝေပေးခဲ့ပြီး ကျန် သိန်း၇၀ကိုတော့ လှုပ်ရှားမှု ကုန်ကျစရိတ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ခရိုနီအိပ်မက်ဆိုးအဖွဲ့ရဲ့ ကုန်ကျစရိတ်အဖြစ်ပါ။ တော် လှန်ရေးအင်အားစုများကို အရေးပေါ်လိုအပ်ချက် ၊ ပုံမှန်အသုံးစရိတ် စနစ်ဖြင့် ခွဲပြီး ဆယ်သိန်းကနေ သိန်း ၁၀၀အထိ အဖွဲ့အသီးသီးကို ပေးအပ်ခဲ့ပါတယ်။ တချို့အဖွဲ့ကျ ဆယ်သိန်း ၊ တချို့က သိန်း ၃၀ ၅၀ နဲ့ အရေးပေါ်လိုအပ်တဲ့အဖွဲ့တွေကိုတော့ သိန်း၁၀၀ထိ ပေးအပ်ခဲ့ပါတယ်”ဟု ခရိုနီအိပ်မက်ဆိုးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ Denkoဆီဆိုင်များမှ ငွေသိမ်းသည့်ကားသည် ဖေဖော်ဝါရီလ ၇ ရက်နေ့ တောင်ဒဂုံမြို့နယ်အတွင်းတွင် တားဆီးခံရပြီး ဆီဆိုင်မှ ငွေများကို သိမ်းဆည်းသွားကြောင်း၊ ယင်းနောက် စစ်တပ်နှင့် စီးပွားရေး ပူးပေါင်းလုပ်နေသော ဆီဆိုင်ပိုင်ရှင် ဦးချစ်ခိုင်အတွက် ကျည်တစ်တောင့်ပေးလိုက်ကြောင်း သိရှိရသည်။

ယခင် စစ်ခေါင်းဆောင် သန်းရွှေလက်ထက်တွင် ကြီးပွားချမ်းသာလာသော ဦးချစ်ခိုင်သည် ဘဏ်လုပ်ငန်းနှင့် ဆီဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်း အပါအဝင် စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေသူလည်းဖြစ်သည်။ သဘာ၀ ပတ်ဝန်း ကျင်ထိခိုက်မှုများစွာရှိနေသည့် ရှမ်းပြည်နယ်မှ တီကျစ်ကျောက် မီးသွေးဓာတ် အားပေးစက်ရုံကို ဦးချစ်ခိုင်၏ဧဒင်ကုမ္ပဏီနှင့်တရုတ်ကုမ္ပဏီတို့ ပူးတွဲ လုပ်ကိုင်လျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article