28 C
Yangon

ရေဖြူတွင် စစ်ကောင်စီယာဉ် ၁ စီးကို ထားဝယ် PDF က ပစ်ခတ်တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိ၊ စစ်သား ၂ ဦးထွက် ပြေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ကျေးရွာတွင် ငါးဖမ်းစက်လှေများထံမှ ဆက်ကြေးလိုက်လံ တောင်းခံနေသော စစ်ကောင်စီလက်အောက်ခံ စစ်သား ၆ ဦး (ပြည်သူ့စစ်) ကို ထားဝယ် PDF က ပစ်ခတ်တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိကြောင်း ထားဝယ် PDFက ပြောသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထားဝယ် PDF က စစ်ကောင်စီလက်အောက်ခံ စစ်သား ၆ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်ကြောင်း သိရှိရသည်။

“ရေဖြူ နဘုလယ် ကျေးရွာမှာ စက်လှေ ငါးဖမ်းလှေတွေကို ငွေညှစ်ပြီး ဆက်ကြေးလိုက်တောင်းနေတဲ့ စစ်ကောင်စီစစ်သား ပြည်သူ့စစ် ၆ ယောက်ကို ထားဝယ် PDF က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လိုက်ပစ်ပါတယ်။ ကားထဲမှာပဲ ၄ ဦး ပွဲချင်းပြီး သေပါတယ်။ ၂ ဦးက ထွက်ပြေးပါတယ်။ လက်နက်ကတော့ M16 ၂ လက်၊ AK ၂ လက် ရရှိပါတယ်” ဟု ထားဝယ် PDF တပ်ဖွဲ့ဝင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article