31 C
Yangon

ဂျာမနီဘာလင်ရုပ်ရှင်ပွဲတော်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး Myanmar Diaries ရုပ်ရှင် ဆုရရှိ၊ Generation Z များအတွက် ဂုဏ်ပြုဆုဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဖြစ်စဉ်များကို ရိုက်ကူး ထားသော Myanmar Diaries ရုပ်ရှင်သည် ရုပ်ရှင်ပွဲတော်များတွင် ကမ္ဘာ့အကြီးဆုံးဆု တစ်ခုဖြစ်သည့် Berlinale Documentary Award ရရှိကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းရုပ်ရှင်ကို အမည်မဖော်လိုသူ လူငယ်မြန်မာရုပ်ရှင်ရိုက်ကူးသူများက ရိုက်ကူးထားခြင်းဖြစ်ပြီး ၎င်းတို့၏ရဲစွမ်းသတ္တိနှင့် စွမ်းရည်တွေကို ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ မြန်မာ့မျိုးဆက်Generation Z သူရဲကောင်းများကို ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရုပ်ရှင်၏ နောက်ဆုံးဇာတ်ဝင်ခန်းများတွင် ထပ်ခါတလဲလဲ မေးခွန်းထုတ်ခဲ့သည့် “ငါတို့ကိုအသံကို တစ်ယောက်ယောက် ကြားလား၊ တစ်ယောက်ယောက်ကြားလား၊ ငါတို့ကို တစ်ယောက်ယောက်ကြားလား” ဆိုသော မေးခွန်းထုတ်မှုက မြန်မာ့အရေးနှုတ်ဆိတ်နေသော ကမ္ဘာကြီးကို အကြိမ်ကြိမ် မေးခွန်းထုတ်သွားခဲ့သည်။

မြန်မာလူငယ်များ၏ အသံကို ကမ္ဘာတစ်ဝန်းမှ လူအများကြားနိုင်စေရန် ယင်းဆုက လုပ်ဆောင်ပေးလိမ့်မည်ဖြစ်ပြီး ယခုရုပ်ရှင်ကို ကမ္ဘာတစ်ဝှမ်းရှိ ပွဲတော်များအားလုံးတွင် ပြသမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article