31 C
Yangon

စစ်ကောင်စီ၏ နိုင်ငံခြားရေး ကိုယ်စားလှယ် ၀ဏ္ဏမောင်လွင် Facebookတွင် Blue Mark ဖြင့် ရှိနေမှု Report ထုကြရန်နှင့် ဖယ်ရှားပေးရန် တောင်းဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

အကြမ်းဖက် မင်းအောင်လှိုင်၏ နိုင်ငံခြားရေး ဆိုင်ရာ ကိုယ်စားလှဝ် ၀ဏ္ဏမောင်လွင်သည် လူမှုကွန်ရက် Facebook ပေါ်တွင် ရောက်ရှိနေမှုကို ၀ိုင်းဝန်း Report ထုကြရန် နှင့် Facebook က ဖယ်ရှားပေးရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ပြည်သူများကို သတ်ဖြတ်နေသည့် မင်းအောင်လှိုင် အပါအဝင် စစ်တပ်၏ စီးပွားရေးဆိုင်ရာ လူမှုကွန်ရက်များကို Facebook က ပိတ်ပင်ထားချိန်တွင် ၀ဏ္ဏမောင်လွင်ကဲ့သို့ အကြမ်းဖက်အားပေးပြီး စစ်ကောင်စီ၏ လေသံအတိုင်း ပြည်သူကို သတ်ဖြတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ငြင်းပယ်နေသော ၀ဏ္ဏမောင်လွင် အနေဖြင့် လူမှုကွန်ရက်ပေါ်တွင် အသုံးပြုခွင့်မပေးသင့်ဟု တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

၀ဏ္ဏမောင်လွင်သည် https://www.facebook.com/WunnaMgLwin ဖြင့် လူမှုကွန်ရက်တွင် ၎င်း၏ Profile ကို Lock ချကာ အသုံးပြုလျက်ရှိကြောင်း ၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ၀ဏ္ဏမောင်လွင်က Report ထုမှုများရှိကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

ဓာတ်ပုံ- ၀ဏ္ဏမောင်လွင် မိသားစု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article