30.2 C
Yangon

၂၀၂၆ ကမ္ဘာဖလားပြိုင်ပွဲတွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်/ကျဉ်းများ လွတ်မြောက်ရေးအတွက် တောင်းဆိုမှုပြုလုပ်

Must read

ရန်ကုန်၊ ဇွန် ၂၃

၂၀၂၆ ကမ္ဘာဖလားပြိုင်ပွဲတွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်/ကျဉ်းများ လွတ်မြောက်ရေးအတွက် တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကစားခဲ့သော ၂၀၂၆ ကမ္ဘာဖလားပြိုင်ပွဲ၏ နော်ဝေနှင့် ဆီနီဂေါ အသင်းတို့ ပွဲစဉ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်/ကျဉ်းများ လွတ်မြောက်ရေးအတွက် တောင်းဆိုမှု တွေ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို လှုပ်ရှားမှု ပြုလုပ်စဉ် လုံခြုံရေးအဖွဲ့က တားမြစ်ခြင်းရှိသော်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရှင်းပြပြီးချိန်တွင် ဘောလုံးပွဲပြီးဆုံးသည်အထိ ပြုလုပ်ခွင့် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှု ပြုလုပ်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် အတူ “Free Aung San Suu Kyi and All Political Prisoners” စာတန်း နဲ့ ခွပ်ဒေါင်းအလံများ ကိုင်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article