32 C
Yangon

မုံရွာ နမခ လေတပ်စခန်း PDFပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်၊ ရဲတပ်ရင်း ၂၈ ကိုလည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

Must read

ဖေဖော်ဝါရီ၁၉၊ချင်းတွင်းရိုးမ၊မုံရွာ

စစ်ကိုင်းတိုင်း၊မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝန်းရှိသည့် လေတပ်စခန်းကို ယမန်နေ့ဖေဖော်ဝါရီ၁၈ရက်နေ့ ညနေ၆နာရီဝန်းကျင်ခန့်က PDFပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကိ Freedom Revolution Force (FRF) နှင့်အတူ KG ဗိုလ်လင်းယုန်အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ညနေ၆နာရီလောက်က အသံတွေအကျယ်ကြီးပဲကြားလိုက်ရတယ်၊နမခဘက်က ပြီးတော့ ပစ်သံခတ်သံတွေလည်း ကြားရတယ်၊ပြီးတော့ GEနှင့်ပညာ ရေး ၁၁ တို့လည်း တိုက်ခိုက်ခံရတယ်လို့ကြားတယ်”ဟု နမခစစ်ဌာနချုပ်နှင့်နီးစပ်သူ တစ်ဦးက မုံရွာချင်းတွင်းရိုးမသတင်းဌာနသို့ပြောသည်။

အဆိုပါလေတပ်စခန်းသည် ရဟတ်ယာဉ်များနေ့စဉ်ပျံသန်းလျက်ရှိပြီး စစ်ဘက်သုံး Mi35ရဟတ်ယာဉ်နှင့်မောင်းသူမဲ့Droneများလည်း ရှိနေကြောင်း၊ကျေးရွာများကို ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုမှာ ထိုလေတပ်စခန်းမှ ထွက်ခွာရကြောင်း ဒေသခံများကဆက်လက်ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၀ နာရီအခွဲအချိန် Unity Force Monywa၊Brother Defense Force၊ Night King၊ Salingyi Border Task Forceနှင့်ပူးပေါင်းမဟာမိတ်အဖွဲ့များနှင့်အတူစစ်ကောင်စီများတပ်စွဲထားသောချင်းတွင်းတံတားအနောက်ဘက်၊အောင်ဇေယျကုန်း၊ရဲတပ်ရင်း(၂၈)ကို လက် နက်ငယ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီအသေပျောက်စာရင်းများကို မသိရသေးကြောင်း Unity Force Monywa တိုက်ခိုက်ရေးခေါင်းဆောင်ဗိုလ်အောက်ဆွဲက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

Video – ယမန်နေ့ညပိုင်း မုံရွာရဲတပ်ရင်း ၂၈ ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်စဉ်။

(မုံရွာချင်းတွင်းရိုးမနှင့်ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article