30 C
Yangon

ရန်ကုန်သာကေတ မီတာရုံးအနီး ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်ကာ ဆေးရုံကားသံများကြားရ ၊ ၇ ဈေးမီးလောင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်း မီတာရုံး အနီးတို့တွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မီတာရုံးနားမှာ ဗုံးပေါက်တယ်။ အဲဒါ ပြီးတော့ အဲဒီနားမှာ တပ်စွဲထားတဲ့ ခွေးတွေက ရမ်းသမ်းပစ်တယ်။ ဘယ်ကို ပစ်တာလည်းတော့မသိဘူး” ဟု မီတာရုံးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ယင်းနောက် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်သံများထွက်ပေါ်ပြီးနောက် သာကေတမြို့နယ် ၇ ဈေးတွင် မီးလောင်မှု ဖြစ်ပွားကြောင်း ၊ ယင်းနောက် မီးသတ်ကားများရောက်ရှိလာပြီး ငြိမ်းသတ်ရာ မီးငြိမ်းသွားသည်ဟု သိရှိရသည်။

“၇ ဈေး မီးလောင်တာက အခုတော့ငြိမ်းသွားပြီ။ မြင်တော်သာလမ်းဘက်မှာ မီတာရုံးဘက်မှာ ဗုံးကွဲသံကြားရတယ် ပစ်ခတ်သံလည်းကြားရ။ ဈေးလည်း မီးလောင်တော့ လူတွေထိတ်လန့်ကုန်တာပေါ့။ ထိခိုက်ဒဏ်ရာ ရတယ်ထင်တယ်။ ဆေးရုံကားသံတွေကြားနေရတယ်။ ဗုံးပေါက်တယ်။ ပစ်တယ်။ မီးလောင်တယ်” ဟု ဈေးအနီး နေထိုင်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သာကေတမြို့နယ်တွင် ဆက်တိုက် ဗုံးပေါက်ပြီး ပစ်ခတ်သံတွေကြားရပြီးနောက် ရုပ်ရှင်ရုံလမ်းဆုံနှင့် ရုပ်ရှင်ရုံ ဘေးရှိမုန့်ဆိုင်များတွင် ကင်းပုန်းဝပ်လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article