ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာ ၄ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ပြည်သူ ၃ ဦး ထိမှန်သေဆုံးကာ ရွာလုံးကျွတ် ထွက် ပြေးနေရကြောင်း၊ ရွာသား ၂ဝကျော် အဖမ်းခံထားရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပေလည်၊ ဘိုကုန်း၊ သပြေသာနှင့် မဲသည် ကျေးရွာများကို စစ်တပ်က ယနေ့ ဖေ ဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၆နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူ ၃ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးကြောင်း၊ ကျေးရွာမျာကို ဝင်ရောက်စီးနင်းနေပြီး ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စစ်တပ်သည် နယ်မြေ ရှင်းလင်း သည်ဆိုတာ လက်နက်ကြီးများဖြင့်အ ကြောင်း မဲ့ ပစ်ခတ်ခဲ့ပြီး ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ပြည်သူ ၂ဝကျော်ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
” ပေလည်ရွာမှာတော့ ပြည်သူတစ်ဦး အိမ်ပေါ်ကို လက်နက်ကြီး ကျလို့ ၃ ဦးသေ ဆုံးတယ်လို့ ကြားတယ်။ ရွာထဲမှာ ဖမ်းခံထားရသူ ၂ဝကျော်လောက် ရှိတယ်။ တောထဲ က ယာတဲတွေကို လိုက်ပီး မီးရှို့နေပါတယ်။ ကျွန်တော်တို့ ဘက်က မြေပြန့်ဆိုတော့ ပြေးစရာ ပုန်းစရာလည်း မရှိပါဘူး။ အခုက တိုက်ပွဲမရှိဘဲ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ပြီး ရွာတွေကို ဝင်စီးနေတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိတွင် ကန့်ဘလူမြို့ တောင်ဘက်ရှိ မင်းကုန်း၊ ရှမ်းတပ်နှင့် မြောက်ဘက်ရှိ ရဲဒွေး၊ ထိန်တော အရှေ့ဘက်ရှိ ကျည်းပင်အက်ဆည်ဘောင်၊ ပေကြီးဆည်ဘောင် စသည့် ကျေးရွာ ၄ရွာမှ ဒေသခံပြည်သူများ စစ်တပ်ကို ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း။ စစ်တပ်ကလည်း ထွက်ပေါက်များ အားလုံးကို ပိတ်ဆို့ တပ်စွဲထားကြောင်း သိရသည်။