29.9 C
Yangon

ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၇

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖြူးမြို့နယ် သစ်ချောက်ခင်ရွာနှင့် ရှားပင်ညောင်ရွာ စက်လှေဆိပ်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာမှ စက်လှေလုပ်သားများဖြစ်သော ကိုဇော်ဝင်းထွဋ် ၊ ကိုသံခဲ၊ ကိုစိုင်းကိုကိုနှင့် ကိုဝကြီး တို့ ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုမောင်မြင့် ၊ မသဲ၊ ကိုကျော်ထွန်းနှင့် ကိုအောင်ကိုလတ်တို့ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်လောက်က ဖြူးမြို့နယ် သစ်ချောက်ခင်ရွာနဲ့ ရှားပင်ညောင်ရွာက စက်လှေဆိပ်တွေကို စစ်ခွေးတွေက တိုက်လေယာဥ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ စစ်ခွေးတွေ ဗုံးကျဲလို့ ပြည်သူ ၄ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်ပွားတာလုံးဝ မရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ မေလ ၃ ရက်နေ့ကလည်း အုတ်တွင်းမြို့နယ်ရှိ လှေဆွဲမြောင်းရွာ၊ ချောင်ကျိုးရွာ၊ ထန်းတပင်မြို့နယ်ရှိ ငါးဆီလှောင်ရွာ ၊ဇလုပ်ကြီးရွာနှင့် ဖြူးမြို့နယ်ရှိ သောင်ပုချောင်ရွာ တို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ် အပါအဝင် လေယာဉ် ၃ စီးဖြင့် အကြိမ် ၃၀ ကျော် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article