ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းတည့်ချိန်၌ ရန်ကုန်ပေါ် တစ်နေရာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့်ကြားမှ “ခွင့်တူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ” ဟူသော စာသားဖြင့် ရန်ကုန်လူထုသပိတ်က ဦးဆောင်ကာလူတန်းစားပေါင်းစုံကိုယ်စားပြုသည့် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တစ်ခု ပြုလုပ်သည် ။ “ကျနော်တို့ဟာ ဒီမိုကရေစီရရှိရေးတိုက်ပွဲမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ၊ အဖိနှိပ်ခံလူမျိုးစုပေါင်းစုံအတွက် ပြည်သူလူထု တစ်ရပ်လုံးက လက်တွဲပီးတော့ တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီအခွင့် အရေးတွေဟာ လူတန်းစားအလွှာပေါင်းစုံအတွက်ဖြစ်ပြီး အားလုံးစုပေါင်းပါဝင်တိုက်ခိုက်ရမှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တန်းတူညီမျှတဲ့အခွင့် အရေးတွေအတွက် လူတန်းစားအလွှာပေါင်းစုံကနေပြီး တပ်ဦးအလံကိုအမြင့်မားဆုံးလွှင့်ထူပြီး တိုက်ပွဲဝင်ကြရမှာဖြစ်တယ်။”ဟု သပိတ်လူငယ်တစ်ဦးက ပြောဆိုသည်။
Video- CJ