ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်း ပခုက္ကူခရိုင် ပခုက္ကူမြို့ရှိ ဧရာဝတီတံတားနားတွင် ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝမိနစ်ခန့်က အမျိုးသား ၂ဦး ဆိုင်ကယ် စီးလာသည် ဆိုကာ ဧရာဝတီတံတား မြောက်ဘက် စစ်ဆေး ရေးဂိတ်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် ဦးမျိုးဆိုသူ သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ် များထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ပစ်ခတ်ခဲ့သော ဦးမျိုးသည် ခြေထောက်နှင့် ကျောတို့တွင် သေနတ်ကျည် ထိမှန်ခဲ့ပြီး စစ်တပ်က လူနာတင်ကား အချိန်မှီ ခေါ်ဆောင်ပေးခြင်း မရှိသောကြောင့် သွေးထွက် လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဒီနေ့ မွန်းလွဲ ၂နာရီ ၃ဝမိနစ်လောက်မှာ ပခုက္ကူ ဧရာဝတီတံတားနားမှာ ဆိုင်ကယ်ကို အမျိုးသား ၂ယောက်စီးတယ်ဆိုပြီး စစ်ခွေးတွေက ပစ်ခတ်ဖမ်းဆီးတာ တစ်ဦးသေတယ်။ လူနာတင်ကားကို စစ်ခွေးတွေက အချိန်မှီခေါ်မပေးလို့ အကြောင်းမဲ့ သေရတာ သေတဲ့သူက ပခုက္ကူမြို့က မဟုတ်ဘူး။ ဧရာဝတီမြစ် တစ်ဖက်ကမ်းကတဲ့ မသေဆုံးခင် သတိမရလို့ ဦးမျိုး၊ဦးမျိုးလို့ပါတဲ့ အဖော်က ခေါ်နေတယ်လို့သိရတယ်။ အမည်ရင်းတော့ မသိရသေးဘူး။ ပထမတစ်ချက်က ခြေသလုံးရှပ်မှန်တယ်။ နောက်တစ်ချက်က နောက်ကျောကို မှန်တယ်။ သေဆုံးသူက စက်မှုဇုံ ၇လမ်းမှာ အလုပ်လုပ်တာလို့တော့ သိရတယ်” ဟု နယ်မြေခံ သတင်းရင်းမြစ် တစ်ခုဖြစ်သော Pakokku city and University News က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။