21 C
Yangon

၇၄ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အမေရိကန်တွင် ကျင်းပ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

၇၄ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဝါရှင်တန်ဒီစီ area မှာ ဖေဖော်ဝါရီ ၁၉, ၂၀၂၂ မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားအစီအစဥ်ကို Rev. Dr. Paul Zaw Khai ရဲ့ ဆုတောင်းမှုနဲ့အစပြုခဲ့ကြပါတယ်။

ဆက်လက်ပြီး ဒေသခံ Musicians Salai Tuk Tuk နဲ့အဖွဲ့က အမေရိကန်နဲ့မြန်မာပြည် နိုင်ငံတော်သီချင်းနဲ့ တီးခတ်တင်ဆက်ပြီး Chin Community of USA, D.C Area (CCUSA, D.C Area) leader Pu Dong Khan Khup မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

CCUSA, D.C Area အဖွဲ့ဝင် Pu Yaw Naing မှ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကျဥ်းချုပ်၊ နွေဦးတော်လှန်ရေးနဲ့ ချင်းလူမျိုးများ အကြောင်းကို Major Darryl Patrick Lambert၊ နွေဦးတော်လှန်ရေးမှာ ချင်းပြည်နယ်မှ ရပ်တည် ပါဝင်မှု အကြောင်းအရာများကို ko James Soh Soh ကပြောကြားပြီး နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းများကို အောင့်မေ့တဲ့အနေနဲ့ ၁မိနစ် တိတ်ဆိတ်ခြင်းနဲ့ ဂုဏ်ပြုကြပါတယ်။ မြန်မာပြည်အတွက် Rev. Dr. C. Duhkamမှ အထူးဆုတောင်း ခြင်းဖြင့် ပါဝင်ခဲ့ပါတယ်။

ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ
ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင် နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ဝန်ကြီး Dr. SaSaတို့ကလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒါတင်မကဘဲ ဒေသခံ အဆိုရှင်ဖြစ်တဲ့ နွေမိုးအေး၊ မီးငယ်နှင့်အတူ မြန်မာပြည်မှ အထူးဖိတ်ကြားထားတဲ့ Guys from Chin (P Thawng Bawi, David Lai & Benjamin Sum) မှ ချင်းပြည်အမှတ်တရ သီချင်းတွေနဲ့ သီဆိုပါဝင်ခဲ့ကြပါတယ်။

ဒီနှစ် ချင်းအမျိုးသားနေ့ အခမ်းအနားကို COVIC restriction ကြောင့် အကျဥ်းချုံး ကျင်းပခဲ့ကြပြီး ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်များ အပါအဝင် လူပေါင်း ၅၀လောက် တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

၇၄ကြိမ်အမြာက် ချင်းအမျိုးသားနေ့အခမ်းအနားကို Rev. Suan Khan Mang ရဲ့ ဆုတောင်းကောင်းကြီးပေးခြင်းနဲ့ အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article