28 C
Yangon

ဖလမ်းမြို့ကို စစ်တပ်က သိမ်းပိုက်ထားသော်လည်း ပွဲမပြီးသေးဟု CPU/CPA ပြော

Must read

ရန်ကုန်၊ ဧပြီ ၂၉

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်တပ်က သိမ်းပိုက်ထားသော်လည်း ပွဲမပြီးသေးကြောင်း ချင်းပြည်သူ့ အစည်း အရုံး (CPU/ CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာမှစ၍ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သိမ်းပိုက်နိုင်ရန် အတွက် စစ် တပ်က အင်အား ၁၅၀၀ မှ ၁၈၀၀ ခန့်အထိ အသုံးပြုကာ စစ်ကြောင်း ၃ ကြောင်းခွဲ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်အနေဖြင့် ဗျူဟာကျမှုထက် စစ်မှုထမ်းစစ်သားများကို အသေခံ ခိုင်းကာ ဆင်ကန်းတောတိုးတိုက်ခိုက်ခဲ့ဖြစ်ပြီး ချင်းညီနောင်၊ ချင်းကောင်စီတပ်ဖွဲ့တို့ ပူးပေါင်း ခုခံစစ်ကာလ ၆ လအတွင်း စစ်သား ၃၀၀ မှ ၅၀၀ ကြားသေဆုံးခဲ့ပြီး သေဆုံးဒဏ်ရာလူများနေရာတွင် ထပ်မံဖြည့် တင်းကာ ဖလမ်းမြို့ကို သိမ်းပိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်လိုနိုင်ငံရေး ကွဲလွဲမှုတွေရှိပါစေ CB ၊ CC စုပေါင်းခံစစ်ဟာ ထိရောက်မှုရှိခဲ့တာ အသေအချာ ပါ ပဲ။ လေးစားဂုဏ်ယူစရာ အားထုတ်မှုပါ။ စကမဟာ ကျဆုံးထိခိုက်ဒဏ်ရာရတဲ့သူ့လူတွေနေရာမှာ အင်အား ၅၀၀ လောက်ထပ်ဖြည့်တဲ့အပြင် ခဲယမ်းပြတ်လပ်မှုမရှိတာ၊ လေကြောင်းအကူရှိတာတွေ ကြောင့် ဖလမ်းကို ရသွားတယ်။ ဖလမ်းကို စကမ ရသွားပေမဲ့လည်း ပွဲမပြီးသေးဘူး။ ကျ‌နော်တို့ လုပ်စရာတွေ ရှိသေးတယ်။ လုပ်နိုင်တာတွေ အများကြီးရှိတယ်။ ဒီထက် ပိုအလုပ် လုပ်ကြမယ်။” ဟု ဆလိုင်းယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း လူအင်အား၊ လက်နက်အင်အား အလုံအလောက်ရှိပါက ဖလမ်းမြို့ကို စစ်ကောင်စီတပ်အနေဖြင့် ပြန်လည် သိမ်းပိုက်နိုင်စရာ မရှိကြောင်း၊ သို့သော်လည်း CB၊ CC တပ်ဖွဲ့များ၏ ညီညွတ်စွာ ပူးပေါင်းခုခံမှုသည် ထိရောက်မှုရှိခဲ့ပြီး လေးစားဂုဏ်ယူစရာ အား ထုတ် မှုဖြစ်သဖြင့် ကျေနပ်အားရမှုရှိကြောင်း အသိပေးထားသည်။

“CB ၊ CC စုပေါင်းအင်အားဟာ စကမရဲ့ အင်အားထက်ဝက်လောက်ပဲ ရှိပေမဲ့ ခုခံစစ် ၆ လတာဝန်း ကျင်မှာ စကမ အင်အား ၃၀၀ ကနေ ၅၀၀ ဝန်းကျင် အထိ ကျဆုံးအထိနာအောင် တိုက်နိုင်ခဲ့တယ်။ ရှေ့မှာ ထိခိုက်ကျဆုံးနဲ့ လက်ရှိ စကမအင်အားကို တွက်မယ် ဆိုရင် ချင်းမြောက်ပိုင်းမှာသုံးတဲ့ စကမ အင်အားဟာ ၁၅၀၀ ကနေ ၁၈၀၀ ဝန်းကျင်ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း လူအင် အားထပ် ဖြည့်နိုင်တယ်၊ ခဲယမ်းလုံလောက်တယ်ဆိုရင်ဖလမ်းကို ပြန်ပေးရစရာ အကြောင်းမရှိပါဘူး။ အဓိက အချက်က ဒါပါပဲ။” ဟု ဆလိုင်းယောမန်က ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၉ ရက် နံနက် ၈ နာရီ ၅၀ မိနစ်တွင်လည်း မင်းတပ်မြို့တနေရာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုများရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာပေးကြပါရန် တိုက်တွန်းထားသည်။

ချင်းတော်လှန်ရေး သတင်းရင်းမြစ်ကမူ ဖလမ်းမြို့ အသိမ်းခံရသော်လည်း စိတ်ဓာတ်မကျဘဲ ချင်းတော်လှန်ရေးတပ်များ စုပေါင်း၍ ချင်းမြေကိုကာကွယ်ကာ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်ကြရန် ဆွေးနွေးမှုများရှိနေကြောင်း ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article