29 C
Yangon

နွားထိုးကြီးနှင့် ပြည်ကြီးတံခွန်တို့တွင် စစ်ကောင်စီခန့်ရာအိမ်မှူးနှင့် သတင်း ပေးအဖြစ် သတ်မှတ်ခံရသူ ၂ ဦး အသတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် စစ်ကောင် စီခန့် ရာအိမ်မှူးနှင့်သတင်းပေးအဖြစ် သတ်မှတ်ခံရသူ ၂ ဦး အသတ်ခံရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နနွတောင်းဘိုးရွာမှ စစ်တပ်သတင်းပေးအဖြစ် သတ်မှတ်ခံထားရသူ ဘိုရှိန်းကို ယနေ့ နံနက်ပိုင်းတွင် နွားထိုးကြီး PDF က သတ်ဖြတ်လိုက်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

“ဘိုရှိန်းကြောင့်အဖမ်းခံရသူ ၄၀ ကျော်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မနက်ခင်း NPDF အဖွဲ့သားများက သွားရောက် သုတ်သင်ရှင်းလင်းခဲ့ပါတယ်” ဟု NPDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်းပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ၁၂၆ x ၁၂၇ လမ်းနှင့် ၅၈ x ၅၉ လမ်းကြားတွင် စစ်ကောင်စီခန့် ရာအိမ်မှူးနှင့် သတင်းပေး အောင်စိန်ကို သေနတ်ဖြင့် ၂ ချက် ပစ်ခတ်၍ သတ် ဖြတ်လိုက်ကြောင်း၊ ယင်းလုပ်ဆောင်မှုကို Dragon Warrior နှင့် Yadanarbon Phoenix Guerilla Force တို့က ပူးပေါင်းလုပ်ဆောင်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-နွားထိုးကြီးမြို့နယ်မှ သတင်းပေးအဖြစ် သတ်မှတ်ခံထားရသူ ဘိုရှိန်း အသတ်ခံထားရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article