30 C
Yangon

ကနီ အိုင်တောင်အနောက်ရွာရှိ ပြည်သူ ၁ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၁၂လုံးကို မီးရှို့ ဖျက်ဆီး၊ ဒီပဲယင်း ကြခတ်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း ကနီမြို့နယ် အိုင်တောင်အနောက်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂ဝရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၁ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ် ၁၂လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လူနေအိမ် ၁၂ လုံး၊ နွားတဲ ၂လုံး ၊ ဆိတ်တဲ ၁လုံးနှင့် စက်တဲ ၁လုံး တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး မီးလောင် နေသည့် နေအိမ်တစ်အိမ် အတွင်းမှ မီးရှို့ သတ်ဖြတ်ခံထားရသော လူသေ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး မည်သူ ဖြစ်သည်ကို အတည် မပြုနိုင် သေးကြောင်း သိရသည်။

ထို့ပြင် ဒီပဲယင်းမြို့နယ် ကြခတ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် စိုင်ပြင်ကျေးရွာမှ ထွက်ခွာလာစဉ်တွင် မိုင်းတိုက်ခိုက်ခံရပြီးနောက် ကြခတ်ကျေးရွာကို ဝင်ရောက် မီးရှို့နေခြင်းဖြစ်ကာ လက်နက်ကြီးသံ၊ သေနတ်သံများလည်း ကြားနေရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article