ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ရန်ကုန်တွင် စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း လူငယ်များမှ နွေဦးတော်လှန်ရေးကို ပိုမိုအရှိန်မြင့်တော်လှန်ပေးကြရန် “ပြန်လည်စုရုန်း ၂ ခြောက်လုံး 22.2.2022” စာတန်းပါ တော်လှန်ရေး စာရွက်များကို လူထုအကြား ဖြန့်ဝေခြင်း၊ ကားမှတ်တိုင် ၊ အထင်ကရ နေရာများကပ်ခြင်း၊ ကျဲချခြင်းများကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။