27 C
Yangon

ရန်ကုန်တောင်ဥက္ကလာရှိ စစ်တပ် ၄၃၅နှင့် ၄၃၆ တပ်ရင်းနှင့်လုံခြုံရေးဂိတ်ကို နှစ်ခြောက်လုံး သပိတ်အထိမ်းအမှတ် လက်ပစ်ဗုံး၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းတောင်ဥက္ကလာမြို့နယ်တွင် ပြန်လည်စုရုံး နှစ်ခြောက်လုံး သပိတ် အထိမ်းအမှတ် အနေဖြင့် ဖက်ဒရယ်လွတ်မြောက်ရေးတပ်တော်၊လှိုင်သာယာတပ်ခွဲက ယနေ့ ၂၂ရက်နေ့ နံနက် ၅ နာရီ ၃၆တွင်တောင်ဥက္ကလာပမြို့နယ်ရှိ ၄၃၅/၄၃၆ တပ်ရင်းအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်လွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်သည်။

ယင်းနောက် ထပ်မံ၍ နံနက် ၅နာရီ၅၈မိနစ်တွင် ဂိတ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊အထိအခိုက် အကျအဆုံး သတင်း မသိရသေးကြောင်း သတင်းထုတ်ပြန်သည်။

လက်ရှိတွင် တောင်ဥက္ကလာပအပါအဝင် ရန်ကုန်တိုင်းမြို့နယ်များအားလုံးတွင် စစ်တပ်က လက်နက်များကိုင်ဆောင်၍ အသင့်အနေအထားဖြင့် ကင်းလှည့်နေပြီး အရပ်ဝတ်ကင်းပုန်းများစွာလည်း ချထားကြောင်း ဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ- ယမန်နှစ် နိုဝင်ဘာလအတွင်း တောင်ဥက္ကလာပ ၄၃၅၊ ၄၃၆ တပ်ရင်းကို ဗုံးခွဲတိုက်ခိုက်မှု မြင်ကွင်း။(ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article