ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ၁၁၅လမ်း၊ ၆၂ Bလမ်းနှင့် ၆၃လမ်းကြား (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
” အုပ်ချုပ်ရေးမှုးရုံးနဲ့ ဘေးက ရဲအိမ် တစ်အိမ် မီးလောင် ပြာကျသွားတယ်။ ရုံးထဲက စာရွက်စာတန်းတွေပါ အကုန် မီးလောင်သွားတာ အရင်တစ်ခေါက်က တာဝါတိုင်းနဲ့ မလွတ်လို့ဆိုပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်ပြီး ဂေါ်တွေနဲ့ ထိုးမတရားသဖြင့် ဖယ်ရှားခံရတဲ့ နေရာနားကရပ်ကွက်ရုံးလို့လည်း သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။