28 C
Yangon

ကနီ၊ ယင်းမာပင်နှင့် နတ်တလင်းတို့တွင် စစ်ကောင်စီ စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂၁ဦးထက် မနည်း သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချိုင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ အင်အား ၁ဝဝခန့်သည် ချိုင်ရွာမှ ငါးဖျက်ရွာသို့ စစ်ကြောင်း ထိုးလာစဉ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဝဦးထက်မနည်း သေဆုံးခဲ့ကြောင်း KLG PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို KLG PDFတပ်ဖွဲ့က မိုင်း ၂လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁ဝဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကာခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှ လည်ငေါက် ဘက်သို့ ခြေလျင် တက်လာသော အင်အား ၇ဝခန့်ပါဝင်သည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁ဝနာရီ ၅၈မိနစ်ခန့်တွင် ဆရာစံ- PDF တပ်ရင်း အထူးပြောက်ကျားအဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ဦးသေဆုံးကာ ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း နတ်တလင်းမြို့နယ်တွင် တောင်ညိုစခန်းမှ စမ်းကြီးသို့ ချီတတ်လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁ဝနာရီ ၃ဝမိနစ်ခန့်တွင် Phoenix D F(Nattalin PDF)နှင့် Zigon PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း အဆိုပါ PDF တပ်ဖွဲ့များထံမှ သိရသည်။

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article