ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွာအကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသား များ သည် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် “ပြည်လည်စုရုံး ၂ ခြောက်လုံး” သပိတ် တွင် သနပ်ခါးပါးကွက်ကြားများ လိမ်းခြင်း၊ သနပ်ခါးဖြင့် လက်သုံး ချောင်း ပုံရေး ဆွဲခြင်း၊ NUG, CRPH, PDF စာလုံးများ ပုံဖော်ခြင်းတို့ဖြင့် အများ ပြည် သူ များ နှင့် အတူပူးပေါင်းပါဝင်ခဲ့ကြကြောင်း အကျဉ်းသားများနှင့် နီးစပ်သူ တရားရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
“တရားရုံးထုတ်မှာလည်း သနပ်ခါးတွေ လိမ်းခဲ့ကြတယ်။ ရည်ရွယ်ချက်ကတော့ ရောက်တဲ့နေရာကနေ စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ကြတာပဲ ဖြစ် တယ်။ အပြင်က ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေကြတယ်” ဟု အကျဉ်း သားတစ်ဦးက ပြောဆိုခဲ့ကြောင်း တရားရေးဝန်ထမ်းက ပြောဆိုသည်။
လက်ရှိ မုံရွာအကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ၉၀၀ ကျော် ရှိပြီး ထိုအထဲ တွင် နိုင်ငံရေးအကျဉ်းသား ထက်ဝက်ကျော်ခန့် ရှိနေသည်။
ဓာတ်ပုံ- မုံရွာအကျဉ်းထောင်မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)