32 C
Yangon

အင်းစိန်ထောင်တွင်ရှိ နိုင်ငံရေး အကျဉ်းသားများက စစ်အာဏာရှင် တော် လှန်ရေး ၂ ခြောက်လုံး လူထုသပိတ်တွင် ပါဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန် အင်းစိန်ထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများက ယမန်နေ့ ဖေ ဖော်ဝါရီလ ၂၂ရက်နေ့တွင် ပြုုလုပ်သည့် ၂ခြောက်လုံး လူထုလှုပ်ရှားမှုတွင် ပူးပေါင်းဝင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး တိုင်းရင်းသား တော် လှန်ရေး အင်အားစုများ အတူတကွ ပူးပေါင်းရန် တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို အကျဉ်းထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်သားများက ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်တွင် ဖက်ဒရယ် ဒီမိုရေစီ အပြည့်အဝ ရရှိရေးအတွက် တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံးနှင့် တစ်သားတည်း ရှိနေကြောင်း၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစု၊ တိုင်းရင်းသား လက်နက်ကိုင် အင်အား အစုအဖွဲ့များ အနေနှင့် စစ်အာဏာရှင် ဖြုတ်ချရေးကို အတူတကွ ပူး ပေါင်းပါဝင်ရေး တောင်းဆိုကြောင်း၊ NUCC နှင့် Charter အတည်ပြုရေး လူထု ညီလာခံကို ထောက်ခံကြိုဆိုကြောင်း ပိုမိုကျယ်ဝန်းသည့် အင်အားစုများ အနေနှင့် အတူတကွ ပူးပေါင်း လုပ်ဆောင် သင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လူတစ်ဦးချင်းစီ၏ မွေးရာပါ အခွင့်အရေး၊ လူမျိုးသုဉ်းသတ်ဖြတ်မှု လူသားမဆန်စွာ အကြမ်းဖက်၍ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေသော စစ်အာဏာရှင် အုပ်စုကို မြန်မာ့မြေပေါ်မှ အလုံးစုံပျက်သုန်းရေးအတက် ပြည်တွင်း ပြည်ပ အင်အားစုများမှ ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြောင်း ပါရှိသည်။

အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်သားများသည် ၂ခြောက်လုံး လူထုလှုပ်ရှားမှုကို တိုင်းရင်းသား လုံချည်များ ဝတ်ဆင်ခြင်း၊ သနပ်ခါး လိမ်းခြင်းနှင့် မွန်းလွဲ ၂နာရီမှ ၂နာရီ ၅မိနစ်အထိ Silent Strike လုပ် ဆောင်ကာ ပြည်သူ တစ်ရပ်လုံးနှင့် တသားတည်း ရှိနေကြောင်း ပြသခဲ့သည်ဟု သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article