27 C
Yangon

ဘုတလင်မြို့အနီးရှိ ခရိုနီ ဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်ကို ဒေသ ကာကွယ် ရေး တပ်ဖွဲ့များက မီးရှို့တိုက်ခိုက် (ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီးရှိ စစ်တပ်နှင့် စီးပွားရေး ဆက်စပ် လုပ်ကိုင် သည်ဟု သတ်မှတ်ခံထားရသော ခရိုနီ ဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်ကို ယမန် နေ့ ဖေဖေါ်ဝါရီလ ၂၂ ရက် ညပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မီးရှို့ တိုက်ခိုက်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ည ၇ နာရီအချိန်တွင် ဦးချစ်ခိုင်ပိုင်ဆိုင်သော Denko ဆီဆိုင်ရှိ ဝန် ထမ်း များကို ရွှေ့ပြောင်းခိုင်းပြီး ၂ ခြောက်လုံးအထိမ်းအမှတ် မီးရှို့ တိုက် ခိုက် ခြင်းဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ရန်ကြီးအောင် YGA၊ ဒုံးပျံ၊ ဒေါင်း စစ်သည် စသည့် LPDF အဖွဲ့များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Denko ဆီဆိုင်ဘက်ကမူ ၎င်းတို့သည် စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းသည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း၊ သတင်းများကို အချက်အလက်ဖြင့် ရေးသားကြရန် လွန်ခဲ့သော ရက်ပိုင်းအတွင်းက တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article