33 C
Yangon

နောင်ချိုမြို့နယ်ရှိ စစ်တပ်လုံခြုံရေး ကင်းစခန်းနှင့်မီးရထားရဲလိုင်းခန်းနှစ်ခုကို PDF က ဝင်တိုက်၊ စစ်သားများ ထွက်ပြေးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ လုံခြုံရေးကင်း စခန်း နှင့် မီးရထားရဲလိုင်းခန်း နှစ်ခုကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် PDF တပ်ရင်း တစ်ခုက ယနေ့ နံနက် ၁ နာရီအချိန်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက် ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကြောင်း ဒေသကာကွယ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်းတစ်ခု သည် နောင်ချိုမြို့တွင်းရှိ ကင်းစခန်းနှင့် မီးရထားရဲလိုင်းခန်း နှစ်ခုကို ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ ကင်း စခန်း နေရာတစ်ခုမှာ စစ်ကောင်စီတပ်သားများ အချိန်ကပ်၍ စွန့်ခွာ ထွက်ပြေးသွားခဲ့သည့်အတွက် ၎င်းနယ်မြေတစ်ဝိုက်တွင် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အခြားကင်းစခန်းနေရာတစ်ခုမှာ စစ် ကောင်စီ တပ်သားများ အသင့်စောင့် ဆိုင်း နေသည့်အတွက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ပြင်းထန် စွာ ရရှိသွားကြောင်း၊ အကြမ်းဖက် ဖက်ဆစ် စစ်တပ်က ကားဖြင့်ဆုတ် ခွာ ထွက်ပြေးသွားသဖြင့် ၎င်းတို့၏ ကင်းစခန်းကို မီးရှို့ ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

PDF တပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်း၏ ပထမဆုံး ပွဲဦးထွက် အောင်ပွဲ တစ် ခု ဖြစ်ကြောင်း သိရှိရသည်။

Video – PDF က ရှင်းလင်းလိုက်သည့် မီးရထားရဲ လိုင်းခန်းတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article