ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ယာကြီးတော ကျေးရွာတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၃ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့နှင့် ၂၂ရက်နေ့တို့တွင် ဗိုလ်စနေ ဦးဆောင်သည့် အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ပွဲချင်းပြီး သေဆုံးသူ ၃ဦးဖြစ်သည့် ယာကြီးတော ကျေးရွာက ဖိုးအဲ၊ သင်းသင်းလှိုင်နှင့် ရဲလင်း ဆိုသူတို့ကို ဗိုလ်စနေ ဦးဆောင်သည့် အဖွဲ့က သေနတ်များ ဓားများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။