ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ရန်ကုန်မြို့ရှိ မြို့နယ် (၉) ခုမှ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင် (၁၅)ဆိုင်ကို ဖေ ဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ YUG အဖွဲ့က ဖောက် ခွဲမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိနေသော စား သောက်ဆိုင်များနှင့် ကုန်စုံ ဆိုင် များအနေဖြင့် မြန်မာ ဘီယာနှင့် စစ်တပ်ထုတ်ကုန်များ ရောင်းချနေမှုကို ချက်ချင်းရပ်တန့်ရန် Yangon Urban Guerrillas – YUG တပ်ဖွဲ့က ထုတ်ပြန် ကြေညာသည်။
စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စတိုးဆိုင်များ၊ စားသောက်ဆိုင်များတွင် မြန်မာဘီယာ နှင့် အခြားသော စစ်တပ်ထုတ်ကုန်များကို ရောင်းချခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သတိပေးတားမြစ်ကြောင်း လိုက်နာခြင်းမရှိဘဲ ဆက် လက်ရောင်းချနေသော ဆိုင်များကို အကြမ်းဖက်စစ်တပ်၏ ဖက်ဆစ် ဒေါက် တိုင်များအဖြစ် သတ်မှတ်မည်ကာ ဖက်ဆစ် ဒေါက် တိုင် များကို YUG အနေ ဖြင့် ခြွင်းချက်မရှိ ရှင်းလင်းသွားမည် ဖြစ်ကြောင်း ကြိုတင် သတိပေး အပ် သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် အာဏာရှင်စနစ် ချေမှုန်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက် စစ်တပ်ဒေါက်တိုင်များနှင့် သွေးစွန်းငွေများ ဖြတ်တောက် ရ မည် ဖြစ်ပြီး စစ်တပ်ထုတ်ကုန်များကို ဝယ်ယူအားပေးခြင်းသည် ဖက်ဆစ် လုပ် ရပ်များကို ငွေပေးနေခြင်းဖြစ်သည့်အတွက် ထိုသို့ သုံးစွဲဝယ်ယူသူများကို လူ့ အခွင့် အရေးချိုးဖောက်သူများ၊ ဖက်ဆစ်အားပေးများအဖြစ် မှတ်ယူသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။