ရန်ကုန်၊ ဧပြီ ၁၉
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စကခ ၁၉ လက်နက်တိုက် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။
ယနေ့ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေမြို့နယ် အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွက်ကဲမှုဌာန ချုပ် – စကခ ၁၉ အတွင်းရှိ လက်နက်တိုက် မီးလောင်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးအနားပတ် ဝန်းကျင်မှ အသံများကြားသိနေရကြောင်း၊ ထိုသို့ မီးလောင်ပေါက်ကွဲမှုသည် မည်သည့်အတွက် ကြောင့် ဖြစ်ပွားသည်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
“စကခ ၁၉ ထဲမှာ ဒေသခံတွေပြောပြချက်အရ ပြန်သိရတာက လက်နက်တိုက်မီးလောင် သွားတယ် လို့တော့ ကြားသိရတယ်။ နောက်ဆက်တွဲအခင်းအကျင်းအရ တော်လှန်ရေးတပ်ဖွဲ့တွေကပဲ လုပ်တာ လား၊ သူ့ဘာသူ မတော်တဆဖြစ်တာလားဆိုတာတော့ အတည်ပြုလို့မရသေးဘူး။ ကျနော်တို့ တပ် ရင်းက လုပ်တာတော့ မဟုတ်ဘူး။ ဒေသခံတွေပြောတာကတော့ သူ့ဘာသူလောင်သွားပုံရတယ်။ သူ့ အကုသိုလ်နဲ့သူပေါ့၊ ပေါက်ကွဲတဲ့အသံတွေကတော့ ပတ်ဝန်းကျင်ကနေ အကုန်ကြားရတယ်။ ပေါက် ကွဲမှုဖြစ်တာ၊ တပ်တွင်းထဲမှာ မီးလောင်တာတွေကတော့ လုံးဝ အတည်ပြုလို့ရပါတယ်” ဟု ရေးဘီ လူးတပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ စကခ ၁၉ သည် အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်မ အသွင် ယူထားသည့် တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် ရေးမြိုန့ယ်နှင့် သံဖြူဇရပ်မြို့နယ်အချို့တွင် စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား လျက်ရှိကြောင်း သိရသည်။




