28 C
Yangon

ပခုက္ကူမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော အင်ပင်ရွာနှင့် အနောက်ဘုန်းကန်ရွာရှိ စစ်ဆေးရေးဂိတ်များကို ၂ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အင်ပင်ကျေးရွာနှင့် အနောက်ဘုန်းကန်ကျေးရွာရှိ စစ်ဆေးရေးဂိတ်များကို ၂ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း COBRA ONE တပ်ဖွဲ့မှ ‌ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီ ၁၃ ရက်နေ့ နှင့် ဧပြီလ ၁၄ ရက်နေ့တို့တွင် ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာနှင့် အနောက်ဘုန်းကန်ကျေးတို့တွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်များကို COBRA ONE Pakokku တပ်ဖွဲ့မှ ရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း သေဆုံးခြင်း ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုကို ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ ထိခိုက်မှုကတော့ ရှိပါတယ်။ ဘုန်းကန်ကျေးရွာမှာ ရှိတဲ့ စစ်ခွေးဂိတ်ကို ဧပြီလ ၁၃ ရက်နေ့တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့မှာ အင်ပင်ကျေးရွာစစ်ခွေးဂိတ်ကို တိုက်ခိုက်ခဲ့တာပါ။ အင်ပင်ကျေးရွာကိုတော့ လက်နက်ကြီး ၄ လုံး နဲ့ ဘုန်းကန်ကိုကျတော့ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေကိုဓားစာခံလုပ်ပြီး စစ်ခွေးတွေ ပျော်ပွဲကျင်းပခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူတွေမထိခိုက်ရန် အတွက်နောက်ဆုတ်ပေးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုကို ကျွန်တော် cobra Oneတပ်ဖွဲ့ ရဲဘော်များလုပ်ဆောင်ခဲ့တာပါ။ အခုလက်ရှိတော့ စစ်ရေးတင်းမာနေပါတယ် “ဟု COBRA ONE တပ်ဖွဲ့မှ ‌ဗိုလ်မြွေဟောက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article