28 C
Yangon

ရွှေဘို နှမစားရစ်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး PDF တပ်ဖွဲ့ဝင် ၁၅ဦးကျဆုံးကာ ကျေးရွာနေ ပြည်သူများပါ သတ်ဖြတ်ခံရပြီး ရွာလုံးကျွတ် နီးပါး ပြာကျ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၅နာရီခန့် ကျေးရွာအတွင်း လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်ကာ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး PDF တပ်ဖွဲ့ဝင် ၁၅ဦးကျဆုံးကာ ကျေးရွာနေ ပြည်သူများပါ သတ်ဖြတ်ခံရပြီး ရွာလုံးကျွတ် နီးပါး ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

” နံနက် ၆ နာရီ ဝန်းကျင်မှာ စပြီး ရွာကို မီးတင်ရှို့နေတယ်။ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၅ဦး ကျဆုံးတယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်ထည့်တာ ပြည်သူတွေ သေဆုံးတာတွေလည်း ရှိတယ်။ အလောင်းတွေ ရှာဖွေနေတုန်း ဘယ်နှဦး သေဆုံးလည်း ဆိုတော့ အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ် နီးပါးကို ပြာကျသွားတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် နှမစားရစ်ရွာ အနီးနားရှိ ဇီးဖြူကုန်းနှင့် မြိုလှရွာများကိုပါ ဝင်ရောက် စီးနင်းနေပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Photo – BoNwayOo (အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့သည့် နှမစားရစ်ရွာ)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article