30 C
Yangon

ချောင်းဆုံ(တောင်)ရွာတွင် အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီးများ သေနတ်ပစ်ဖောက် ဝင်ရောက်ကာ အပြစ်မဲ့ ပြည်သူ ကိုနေဝင်းထွန်းကို သေနတ်ပစ် မီးရှို့သတ်ဖြတ်၊ နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ် ချောင်းဆုံ(တောင်)ရွာသို့ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီးများ မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ကိုနေဝင်းထွန်းကို သေနတ်နှင့် ပစ်ကာ မီးရှို့ သတ်ဖြတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“စပါးလှပ်နေတာကို ပစ်သတ်သွားတာ။ ပြေးပေမယ့် မလွတ်တာ ပစ်သတ်သွားတယ်။ ပစ်ပြီး မီးရှို့ သွားတယ် ။ အသက်က ၄၇ နှစ်။ သေသွားတာတော့ ကိုနေဝင်းထွန်း တစ်ယောက်ထဲ ။ နောက်တစ်ယောက်ကတော့ ပေါင်တစ်ချက် မှန်သွားတယ်” ဟု ဒေသခံ တစ်ဦးက ဖြစ်စဉ်ကို ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည့် ကျေးရွာအတွင်းရှိ‌ နေအိမ် ၃ လုံးကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း၊ လက်ရှိအချိန်တွင် ရွာထဲမှ ပြန်ထွက်သွားပြီဖြစ်ကြောင်း၊ မီးရှို့ခံထားရသည့် ကိုနေဝင်းထွန်း၏ ရုပ်အလောင်းကို ယနေ့ ညနေ ၄ နာရီအချိန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပုံစာ – မတရားသတ်ဖြတ် မီးရှို့ခံရသည့် ကိုနေဝင်းထွန်းနှင့် မီးရှိူ့ ဖျက်ဆီးခံရသည့် နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article