32 C
Yangon

မန္တလေးတွင် ကင်းလှည့်နေသော စစ်ကား ဗုံးပစ်ခံရ၊ ရန်ကုန်တိုင်း၊ မြို့နယ် အများစုတွင်လည်း ယခုည ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ စာတိုက်ရုံးအနီးတွင် စစ် သား ၆ ဦးဖြင့် ကင်းလှည့်နေသော စစ်ကားတစ်စီးကို Generation Z power(Mandalay) GZP အဖွဲ့က ဗုံးခွဲတိုက်ခိုက်ကြောင်း သိ ရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန် မန္တလေး၊ အောင်မြေသာစံမြို့နယ် ၆၆ လမ်း ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ စာတိုက်ရုံး အနီးတွင် စစ်သား ၆ ဦးဖြင့် ကင်းလှည့်နေသော စစ်ကောင်စီကားတစ်စီးကို GZP က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“အထိအခိုက်တော့ အခုထိမသိရသေးဘူ။ ဗုံးကွဲပြီးတော့ ၆၆ လမ်း ၂၆ ကနေ ၁၉လမ်း အထိပိတ်ပစ်လိုက်တာ။ လူနာတင်ကားသံကြားရတယ်။ ထိခိုက် တာ တော့ရှိတယ်” ဟု မန္တလေးမြေပြင်ကင်းထောက်အဖွဲ့က ပြောသည်။

အလားတူ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြိုနယ် ၊ ဆေးတက္ကသိုလ် ၂ နား တွင် ယနေ့ ညနေ ၈ နာရီ ၄၂ မိနစ်အချိန် ဗုံးနှစ်ကြိမ် ပေါက်ကွဲ မှု ဖြစ် ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အရှေ့ပိုင်းရဲစခန်းနှင့် စည်ပင်ရုံးတို့ကို သုံး ကြိမ် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ From Zero to Hero (ZTH)အဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၅)ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီ ၁၅ခန့်တွင် လှိုင်သာယာရုံးရှေ့မှတ်တိုင်အနီး မြို့မရဲစခန်း မျက်နှာစာရှေ့၌ ဗုံးဖောက်ခွဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ၊ နောက်ထပ် ဗုံး တစ် လုံးကို အဓိကပစ်မှတ်အဖြစ်ထားပြီး ဖောက်ခွဲတိုက်ခိုက်ရန်စီစဥ်ချိန်တွင် ပြည် သူများအသွားအလာရှိနေ၍ နေ့လယ် ၁၂ နာရီခန့်တွင် နေရာပြောင်း ဖောက် ခွဲခဲ့ရကြောင်း ZTH အဖွဲ့က ထုတ်ပြန်သည်။

သာကေ၊ဒေါပုံ၊ တောင်ဒဂုံ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာတို့တွင်လည်း ယနေ့ ည ၈ နာရီ ၃၀ မှစတင်၍ ပေါက်ကွဲသံများ ဆက်တိုက်ကြားရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- မန္တလေးမှ ဗုံးခွဲခံရသော စစ်ကား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article